မယ်လဒုက္ခသည်စခန်း၌ အစာအဆိပ်သင့်မှု ဖြစ်ပွားနေ

မယ်လဒုက္ခသည်စခန်း၌ အစာအဆိပ်သင့်မှု ဖြစ်ပွားနေ

ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်း၌ ၇ လသားအရွယ် ကလေးတစ်ဦးအပါအဝင် လူ ၁၀ ဦး အစာအဆိပ်သင့်မှု ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု စခန်းတာဝန်ရှိသူတို့က အတည်ပြုပြောသည်။

အဆိုပါ အစာအဆိပ်သင့်မှုသည် အွန်လိုင်းပေါ်မှတစ်ဆင့် မုန့်မှာယူရောင်းချခြင်းကို စားသုံးမိရာမှ ဖြစ်ပွားသည်ဟု ကနဦးသိရသည်။

အစာအဆိပ်သင့်မှုကို ၇ လသားအရွယ် ကလေးတစ်ဦးအပါအဝင် အသက် ၃၀ အရွယ်ထိပါဝင်ကာ ပြင်းထန်စွာခံစားရသူ ကလေးများလည်း ပါဝင်သည်ဟု စခန်းအတွင်းရေးမှူး စောဆန်းဒေးက ယခုလိုပြောသည်။

“အွန်လိုင်းပေါ်က မုန့်တွေမှာပြီး ရောင်းတာရှိတယ်။ တချို့က သက်တမ်းကုန်နေပြီး။ မသိကြဘူး ရောင်းတယ်။ အခုက သက်တမ်းကုန်တဲ့မုန့်တွေ စားမိလို့ အစာအဆိပ်သင့်ဖြစ်တာ။ ညနေ ၄ နာရီလောက်မှာ ဖြစ်တာ။ အဲဒီမှာ ၃ ယောက်ကတော့ တော်တော်ပြင်းထန်တယ်။ သေချာမပြောတက်ဘူး။ ထပ်တိုးမယ့်လူရှိမလားတော့ မသိဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မယ်လဒုက္ခသည်စခန်းထဲရှိ မုန့်အပါအဝင် ကုန်ခြောက်ရောင်းချသည့် ဆိုင်တချို့သည် စခန်းပြင်ပမှမုန့်များ မှာယူရောင်းချရာ၌ တချို့ မုန့်များနှင့် ခေါက်ဆွဲခြောက်ထုတ်များသည် သက်တမ်းကုန်နေပြီး စားသုံးရန် မသင့်တော်သလို ရောင်းချခြင်းမပြုရန် သတိပေးချက်များ ဆက်ထုတ်ပြန်ကြေငြာမည်ဟု စောဆန်းဒေးက ဖြည့်စွက်ပြောသည်။

ထို့အပြင် ယခင်လများက မယ်လစခန်းထဲ၌ သက်တမ်းလွန်မုန့် စားမိရာမှ အော့အန်ခြင်းများ ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုလို ဝေဒနာပြင်းထန်ကာ ဆေးရုံတက်ရသည့် အဆင့်မျိုးအထိ မဖြစ်ခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...