ရန်ကုန်လေဆိပ်တွင် တာချီလိတ်ခရီးသည်များထံမှ ပါလာသည့် ဘတ်ငွေများကို သိမ်းဆည်းသည့်အပြင် တစ်ဦးကို ကျပ်သုံးသိန်းစီ တောင်းယူ

ရန်ကုန်လေဆိပ်တွင် တာချီလိတ်ခရီးသည်များထံမှ ပါလာသည့် ဘတ်ငွေများကို သိမ်းဆည်းသည့်အပြင် တစ်ဦးကို ကျပ်သုံးသိန်းစီ တောင်းယူ

(ဓာတ်ပုံ- ပုံဟောင်းသာ)

ဇွန်လ ၄ ရက်နေ့က ရန်ကုန်လေဆိပ်တွင် တာချီလိတ်ဒေသခံ ခရီးသည်များ၏ ခရီးဆောင်အိတ်များကို လေဆိပ်လုံခြုံရေး တာဝန်ရှိသူများက အတင်းဖွင့်ခိုင်းကာ တွေ့ရှိသည့် ထိုင်းဘတ်ငွေများအား ကိုယ်ကျိုးအတွက် သိမ်းဆည်းကာ ခရီးသည်တစ်ဦးစီမှ ငွေ ၃ သိန်းစီ တောင်းယူသည်ကို  ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်ဟု  ခရီးသည်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“အိမ်ပြန်တာ ရန်ကုန်လေဆိပ်အဝင်မှာ ဘယ်သွားမလဲမေးလို့ တာချီလိတ်လို့ပြောလိုက်တယ်။ ဒီလိုပြောတော့ ပိုက်ဆံအိတ်ယူလာခိုင်းတယ်။ ဖွင့်ပေးဆိုလို့ ဖွင့်ပေးလိုက်တယ်။ ထိုင်းဘတ်ငွေတွေတွေ့သွားတယ်။ အဲဒါကို အကုန်ယူတယ်။ ဘတ် ၂ သောင်းကျော်။ ဒီမှာ မယူလာရဘူးပြောပီး သူ့အိတ်ထဲကို အကုန်ထည့်တယ်။ ကိုယ်တွေက တာချီလိတ်ကဆိုတော့ ဘတ်ဘဲသုံးတာလေ။ ဒီတိုင်း သတိမထားဘဲ ယူလာမိတာကို အငမ်းမရ အိတ်ထဲက နှိုက်ယူတယ်။ ကျေနပ်လားဆိုပြီးမေးသေးတယ်” ဟု ၎င်းခရီးသည်က ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇွန် ၄ ရက် နံနက် ၇ နာရီအချိန်က ဖြစ်ပွားခဲ့ပြီး သူစီးလာသည့်လေယာဉ်မှာ မြန်မာ့လေကြောင်း (MAI) ဖြစ်ပြီး လေယာဉ်အမှတ်မှာ M844 ဖြစ်ကြောင်း ၎င်းကပြောသည်။

၎င်းပြင် လဝကကလည်း ဘတ်ငွေတွေ့သွားသည့် တာချီလိတ် ခရီးသည်များထံက  ၁ ယောက်ကို ကျပ် ၃ သိန်းစီတောင်းခံခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်မှာတော့ ဘတ်နှစ်သောင်းပါသွားတယ်။ နောက်လူတွေလည်း တစ်ရာစ၊ တစ်ထောင်စ ပါသွားပုံရတယ်။ လ၀ကက တစ်ယောက် ၃ သိန်းပေးမှ ပြန်လွှတ်မယ်ပြောပြန်ရော။ လေယာဉ်က ထွက်တော့မယ့်အချိန်မှာ သူက ရစ်နေတာ မပီးဘူး။ ဒါနဲ့ တောင်းသလောက်ပေးခဲ့ရတယ်။ ကိုယ်နိုင်ငံမှာကိုယ်ခရီးသွားတာတောင် ဘာမှ လုံခြုံမှုမရဘူး။ ဟိုညစ်ဒီညစ်နဲ့” ဟု ပြောကြားသည်။

ယခုကဲ့သို့ မီဒီယာကို သတင်းပေးရခြင်းမှာ တာချီလိတ်ခရီးသည်များ ယခုလို ဖြစ်ရပ်မျိုးကို မကြုံတွေ့စေလိုသည့် စေတနာဖြင့် ပြောကြားရသည်ဟု ၎င်းက ပြောဆိုသည်။

“အဓိက မီဒီယာကို ပြောပြရတာက ကျွန်တော်လို တာချီလိတ် ခရီးသည်တွေ ရန်ကုန်လာရင် ဒီလိုအဖြစ်မျိုးတွေကို မကြုံစေချင်လို့ ဒီသတင်းပြောပြရတာပါ။ အမှန်က နိုင်ငံတော်အတွက် သိမ်းယူတယ်ဆိုလည်း ဟုတ်သေးတယ်။ အခုက သူတို့ကိုယ်ကျိုးအတွက်ဘဲ သိမ်းသွားတာ။ သူတို့ တာချီလိတ်ခရီးသည်တွေကို ဒီလို လုပ်စားနေကျဖြစ်ပုံရပါတယ်။ တာချီလိတ်ခရီးသည်ဆိုတာနဲ့ တန်းပြီး အိတ်ဖွင့်ခိုင်းတာပါဘဲ" ဟု ပြောကြားသည်။

ရန်ကုန်လေဆိပ်တွင် နိုင်ငံခြားမှ ပြန်လာသည့် မြန်မာ့ခရီးသည်များ၊ ပြည်ပသို့ ထွက်ခွာသည့် မြန်မာခရီးသည်များကိုသာမက ပြည်တွင်းခရီးသည်များအပေါ် တွင်လည်း ယခုလို တရားမဝင် ငွေတောင်းခံမှုများရှိနေကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...