Published
Tuesday, June 03, 2025
လားရှိုးမြို့က စစ်ကောင်စီလက်အောက်ခံ လဝကရုံးမှာ မှတ်ပုံတင်ပြုလုပ်တဲ့ ပြည်သူကို ငွေကြေးသိန်းချီကောက်ခံ
- လားရှိုးမြို့က စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝကရုံးမှာ မှတ်ပုံတင်ပြုလုပ်တဲ့ ပြည်သူတွေကို ငွေကြေးသိန်းနဲ့ချီကောက်ခံနေပါတယ်။
- လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးဖို့ စစ်ခေါင်းဆောင် ညွှန်ကြားပြီးတဲ့နောက် လက်ရှိအချိန်ထိ တောင်ကြီးမှာ လိုင်စင်မဲ့ကား၊ဆိုင်ကယ်တွေကို ဆက်တိုက်ဖမ်းဆီးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
- နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာက ချိုခမ်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေ ထပ်မံရွှေ့ပြောင်းရပြီးတဲ့နောက် စစ်ရေးတင်းမာမှုရှိနေတာကြောင့် နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးသွားမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။






