ဗန်းမော်ကို စစ်အင်အားလာရောက်ပို့ဆောင်တဲ့ စစ်ကောင်စီရဲ့ရဟတ်ယာဉ် ၂ စီးကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပစ်ချ

ဗန်းမော်ကို စစ်အင်အားလာရောက်ပို့ဆောင်တဲ့ စစ်ကောင်စီရဲ့ရဟတ်ယာဉ် ၂ စီးကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပစ်ချ

- ဒီအပတ်အတွင်း ဗန်းမော်ကို စစ်အင်အားလာရောက်ပို့ဆောင်တဲ့ စစ်ကောင်စီရဲ့ရဟတ်ယာဉ် ၂ စီးကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချလိုက်နိုင်တာကြောင့် ၅ နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ KIO က ပြောပါတယ်။

- ဖားကန့်မြို့ကို လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မြစ်ကြီးနား - နမ့်ယား - ဖားကန့်လမ်းကြောင်းတစ်ခုလုံးနီးပါးကို နေရာယူထားနိုင်ပြီဖြစ်ပြီး လက်ရှိ ဖားကန့်မရောက်ခင် နမ့်တိန်းကို ကျော်ဖြတ်နိုင်ဖို့ KIA နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

- ချီဖွေမြို့အထက် ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ရွှေမှော်ပိတ်ထားဆဲဖြစ်ပေမဲ့ လက်ရှိ မြေပြင်မှာ ကုမ္မဏီကြီးတွေနဲ့ လုပ်ငန်းရှင်တချို့က ရွှေတူးဖော်ခွင့်ရနေပြီး တခြားဒေသအသီးသီးကနေ ရောက်ရှိလာတဲ့ပြည်သူတွေကိုတော့ လုပ်ကိုင်ခွင့်ပိတ်ပင်ကာ မောင်းထုတ်နေတယ်လို့ ပြောပါတယ်။

Most read this week

September 4, 2026
- ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဝုမ်းခုမ်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့...
September 3, 2026
- အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထပ်မံတိမ်းရှောင်ရတဲ့ ဖရူဆိုမြို့နယ်က...
September 2, 2026
- မြစ်ကြီးနားမြို့ တပ်ကုန်းစံပြရပ်ကွက်မှာ ရေမြောင်းတွေကို စနစ်တကျ မပြုလုပ်ထားတာကြောင့်...
September 2, 2026
- နယ်စပ်ဒုက္ခသည်စခန်းကနေ စခန်းပြင်ပမှာ အလုပ်ထွက်လုပ်နေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ဟာ...