ကလေး - တမူး ကားလမ်း ၂ လနီးပါးကြာ ပိတ်ပြီးနောက် တမူးမြို့မှာ ဓာတ်ဆီ ၁ ဂါလံ ငါးသောင်းနီးပါးထိ ဈေးပေါက်

ကလေး - တမူး ကားလမ်း ၂ လနီးပါးကြာ ပိတ်ပြီးနောက် တမူးမြို့မှာ ဓာတ်ဆီ ၁ ဂါလံ ငါးသောင်းနီးပါးထိ ဈေးပေါက်

အိန္ဒိယ - မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ  ကလေး - တမူးကားလမ်းပိတ်တာ ၂ လနီးပါးကြာလာတဲ့အချိန် စက်သုံးဆီတွေ ပြတ်လပ်နေပြီး စက်သုံးဆီဈေး (ဓာတ်ဆီ) နှုန်းလည်း တဂါလံကို ကျပ် ၄ သောင်းခွဲကနေ  ၅ သောင်းနီးပါးအထိ ဈေးပေါက်နေတယ်လို့ တမူးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေး - တမူးကားလမ်းမဟာ အခုထိမဖွင့်နိုင်သေးဘဲ တမူးနယ်ထဲမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ထိန်းချုပ်ထားတဲ့ ရွာတွေရှိသလို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကလည်း ထိန်းချုပ်ထားတဲ့ နေရာအများစုတွေလည်း ရှိနေတာတွေကြောင့်  ဆီကားတွေ မသွားရဲကြသလို စက်သုံးဆီသယ်ယူတာတွေကိုလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ကလေးမြို့ မြောက်ပိုင်းလမ်းတွေပိတ်ထားတယ် တမူးဘက်တွေပေါ့   စက်သုံးဆီတွေဆိုတာလည်း ကလေးမြို့ကနေ တဆင့်သွားရတာဆိုတော့ ကလေးမြို့ လက်ပံချောင်းလမ်းကနေ ကွင်းလမ်းကနေ သွားရတာဆိုတော့ ပြီးတာ့ ဆီတွေကို မသယ်ခိုင်းဘူး ခိုးသယ်လို့လည်းမရတော့ လမ်းတွေပိတ်ထားတာလည်း ၂ လ လောက်ပြည့်တော့မလားလို့ သိရတယ် ကလေးမှာတော့ မတက်ပါဘူး ပုံမှန်တိုင်းပါဘဲ  နယ်ဘက်တွေမှာ ၁ ထောင်၊ ၂ ထောင်လောက် တက်ရင်တက်မှာပေါ့” လို့ ပြောပါတယ်။

တမူးဒေသခံတွေဟာ စက်သုံးဆီကို တဂါလံကို  လေးသောင်းခွဲနဲ့ ငါးသောင်းကြားပေးဝယ်နေရတာလို့သိရပြီး  စီးပွားရေးလုပ်ငန်းရှင် အများစုလည်း စက်သုံးဆီ အခက်ခဲကြောင့် လုပ်ငန်းတွေ ရပ်နားထားရတဲ့အထိ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ကလေးမြို့မှာတော့  စက်သုံးဆီ (ဓာတ်ဆီ) တဂါလံကို ၂၈,၄၀၀ ခန့် ဈေးဝန်းကျင်မှာရှိတယ်လို့လည်း  ဒေသခံတွေဆီကနေ သိရပါတယ်။

February 7, 2026
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ...
February 6, 2026
ဖလမ်းမြို့နယ်အတွင်းနဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က...
February 5, 2026
ရွှေ့ပြောင်းအခြေချသူဦးရေများစွာရှိတဲ့ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ မှတ်ပုံအသစ်ပြုလုပ်တာ...
February 4, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ကလေး - သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ တတိယစစ်ကြောင်းနဲ့...