တိုက်ပွဲမရှိတဲ့ မကွေးတိုင်းက ကန်သာယာ အရှိုချင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့သိရ

တိုက်ပွဲမရှိတဲ့ မကွေးတိုင်းက ကန်သာယာ အရှိုချင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့သိရ

မကွေးတိုင်း၊သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကန်သာယာအရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က မနေ့ မေလ ၈ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ  ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ရွာဦးဘုန်းကြီးကျောင်းမှန်တွေထိခိုက်ခဲ့ပြီး လူအထိခိုက်တော့မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “မနေ့ည ၉ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ လာကျဲသွားတာ ၂ လုံးကတော့ ပေါက်ကွဲပြီး ၁ လုံးကတော့ မပေါက်ကွဲဘဲ ကျန်နေပါတယ် လူအထိခိုက်တော့မရှိဘူး ရွာဦးဘုန်းကြီးကျောင်းက မှန်တွေတော့ ထိခိုက်သွားပါတယ် ပေါင် ၃၀၀ လောက်ရှိမယ်လို့ ထင်တယ် ရွာထဲမှာက လူမရှိလို့တော်သေးတယ်” လို့ Chin World Media ကို ပြောပါတယ်။

ကန်သာယာ အရှိုချင်းရွာကို ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က တစ်ကြိမ် မေလ ၅ ရက်နေ့မှာလည်း တစ်ကြိမ် လေကြောင်းတိုက်ခိုက် ခဲ့လို့ ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သလို နွား ၁၀ ကောင်ကျော်လည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ကန်သာယာ အရှိုချင်းရွာအနီးအနားဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပေမယ့် စစ်ကောင်စီက အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...