တိုက်ပွဲမရှိတဲ့ မကွေးတိုင်းက ကန်သာယာ အရှိုချင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့သိရ

တိုက်ပွဲမရှိတဲ့ မကွေးတိုင်းက ကန်သာယာ အရှိုချင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့သိရ

မကွေးတိုင်း၊သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကန်သာယာအရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က မနေ့ မေလ ၈ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ  ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ရွာဦးဘုန်းကြီးကျောင်းမှန်တွေထိခိုက်ခဲ့ပြီး လူအထိခိုက်တော့မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “မနေ့ည ၉ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ လာကျဲသွားတာ ၂ လုံးကတော့ ပေါက်ကွဲပြီး ၁ လုံးကတော့ မပေါက်ကွဲဘဲ ကျန်နေပါတယ် လူအထိခိုက်တော့မရှိဘူး ရွာဦးဘုန်းကြီးကျောင်းက မှန်တွေတော့ ထိခိုက်သွားပါတယ် ပေါင် ၃၀၀ လောက်ရှိမယ်လို့ ထင်တယ် ရွာထဲမှာက လူမရှိလို့တော်သေးတယ်” လို့ Chin World Media ကို ပြောပါတယ်။

ကန်သာယာ အရှိုချင်းရွာကို ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က တစ်ကြိမ် မေလ ၅ ရက်နေ့မှာလည်း တစ်ကြိမ် လေကြောင်းတိုက်ခိုက် ခဲ့လို့ ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သလို နွား ၁၀ ကောင်ကျော်လည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ကန်သာယာ အရှိုချင်းရွာအနီးအနားဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပေမယ့် စစ်ကောင်စီက အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...