ဗန်းမောက်မြို့နယ် အနောက်ဘက်ဒေသမှာ တစ်လအတွင်း ငှက်ဖျားပိုးကူးစက်သူ (၃၀) ကျော်လာ

ဗန်းမောက်မြို့နယ် အနောက်ဘက်ဒေသမှာ တစ်လအတွင်း ငှက်ဖျားပိုးကူးစက်သူ (၃၀) ကျော်လာ

စစ်ကိုင်းတိုင်းဒေသကြီး အနောက်ဘက်ဒေသမှာ တစ်လအတွင်း ငှက်ဖျားပိုးကူးစက်သူ သုံးဆယ်ကျော်ရှိလာပြီဖြစ်တယ်လို့ မံစီကြီးဒေသစိတ်ဆေးရုံကနေ စုံစမ်းသိရှိရပါတယ်။

ဗန်းမောက်မြို့နယ်အနောက်ဘက်ဒေသ မီစီဒေသစိတ်အတွင်းက နမ့်အော့ကျေးရွာမှာ ကူးစက်မှုအများဆုံးဖြစ်ပွားခဲ့ပြီး အနီးကျေးရွာတွေဖြစ်တဲ့ နမ့်ခင့် ၊ နမ့်မားကျေးရွာတွေမှာလည်း ဖြစ်ပွားတာတွေရှိခဲ့တယ်လို့သိရပါတယ်။

“ငှက်ဖျားပိုးက မိုးတစ်ကြိမ်ကျပြီး မိုးအစကတည်းက တစ်လအတောအတွင်းမှာ လူပေါင်း (၃၀) လောက်ရှိပါပြီ ပိုးတွေ့ရှိထားတဲ့လူတွေပေါ့လေ ကုသပေးနေတာကတော့ ကျွန်တော်တို့ ဒီက ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ” လို့ မံစီကြီးဒေသစိတ်ရှိ SNA ရဲ့ ကျန်းမာရေးဌာနမှူး ဆရာကျော်က ပြောပါတယ်။

ငှက်ဖျားပိုးကတော့ ပြင်းထန်တဲ့ ပိုးမဟုတ်ဘဲ PV လို့ခေါ်တဲ့  (Plasmodiam vivax)  ငှက်ဖျားရောဂါအပျော့စားဖြစ်ပြီး ကလေးငယ်တွေကစလို အသက်ရွယ်ကြီးတဲ့အထိ ဖြစ်ပွားမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဗန်းမောက်နယ်ထဲ ငှက်ဖျားရောဂါကို ကာကွယ်ဆေးတွေ ဝယ်ရခက်ခဲနေပြီး  ရောဂါဖြစ်ပွားသူတွေကိုသာ ကုသပေးနေရာတာဖြစ်တယ်လို့ သိရပါတယ်။

“ကျန်းမာရေးအသိပညာပေးတွေ လုပ်ဖို့ရှိတယ် ပြီးတော့ ငှက်ဖျားကာကွယ်ဖို့ ဆေးကုသဖို့အချက်လေးတွေ ဆွေးနွေးတင်ပြလုပ်ဖို့ အစီစဉ်တွေရှိပါတယ် လက်ရှိတော့မလုပ်ရသေးဘူး ရောဂါဖြစ်နေတဲ့သူတွေကိုပဲ ကုသပေးနေတာပါ” လို့ သူက ဆက်ပြောပါတယ်။

ဗန်းမောက်မြို့နယ်ရဲ့ အနောက်ပိုင်းဒေသအတွင်းမှာ တစ်လအတွင်း စာရင်းသာဖြစ်ပြီး တခြားသော ကျေးရွာရဲ့ စာရင်းတွေနဲ့ပေါင်းရင် ပိုများပြားနိုင်တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့မှာ ငှက်ဖျားရောဂါအမျိုးအစားထဲက လူကိုသေစေနိုင်တဲ့ ပလစ်တီမိုဒီယမ်နဲ့ ဗိုင်းရက်စ်တွေကို အတွေ့များနေပြီး ဒီရောဂါကုသနိုင်ဖို့အတွက် ဆေးဝါးမရှိဘူးလို့ ကျန်းမာရေးဆရာဝန်တွေက ပြီးခဲ့တဲ့နှစ်မှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းမှာ ဗန်းမောက်မြို့နယ်ဟာ ငှက်ဖျားကူးစက်မှုအမြင့်ဆုံးစာရင်းထဲမှာပါဝင်နေပြီး ၂၀၁၅ ခုနှစ် စတင်ပြီး စစ်ဆေးရာမှာ ၂၀၁၆ တွင် ငှက်ဖျားပိုးတွေ့ရှိသူ (၃၀၀၀) ကျော်၊ ၂၀၁၇ တွင် (၂၀၀၀) ကျော်၊ ၂၀၁၈ တွင် (၁၇၀၀) ကျော်၊ ၂၀၁၉ တွင် (၈၀၀) ကျော်၊ ၂၀၂၀ တွင် (၆၀၀) ကျော်နှင့် ၂၀၂၁ ဇွန်လ ၁၀ ရက်အထိ ငှက်ဖျားပိုး စစ်ဆေးကုသပေးခဲ့ရာ (၃၀၀) ကျော်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်မှာ ဗန်းမောက်မြို့နယ် တိုက်ပွဲအခြေအနေများကြောင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်အဖွဲ့က စာရင်းပြုစုနိုင်ခြင်း မရှိသေးပေမယ့် အခုနှစ်မှာတော့ စတင်အကောင်အထည်ဖော်နေပြီလို့ သိရပါတယ်။

April 25, 2026
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က PDF တပ်ဖွဲ့ဝင်ထားပြီး...
April 24, 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို...
ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...