အင်းလေးဒေသ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျောနှင့် အရေးပြားရောဂါများ ဖြစ်ပွားနေ

အင်းလေးဒေသ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျောနှင့် အရေးပြားရောဂါများ ဖြစ်ပွားနေ
အင်းလေးဒေသ သောက်သုံးရေခပ်နေစဉ်။
အင်းလေးဒေသ သောက်သုံးရေခပ်နေစဉ်။

သျှမ်းပြည် အင်းလေးဒေသတွင် ငလျင်ဒဏ်ကြုံပြီးနောက် သောက်သုံးရေးမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျောနှင့် အရေပြားရောဂါများဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ဧပြီလ ဒုတိယပတ်မှစတင်၍ ရာသီဥတုအကူပြောင်းများကြောင့် ငလျင်ဘေးသင့် အင်းလေးဒေသခံများ ဖျားနာခြင်းများကို ခံစားနေရသည့်အပြင်၊ သောက်သုံးရေမသန့်ရှင်းမှုကြောင့်လည်း အရေပြားရောဂါ နှင့် ဝမ်းပျက်ဝမ်းလျောများ စတင်ဖြစ်ပွားနေကြောင်း ကိုယ်တိုင်းကြုံတွေ့နေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုက ရေကလည်းမသန့်ဘူး သုံးဖို့ကလည်း မရှိဘူး။ အဲ့ဒီရေနဲ့ပဲသုံးနေရတာ ရေချိုးပြီးရင် ယားနာတွေဖြစ်ကြတယ်။ အရေပြားရောဂါတွေလည်းကြုံ့တွေ့နေရတာ၊ရာသီဥတုတွေကြောင့်လည်း ဖျားနာဖြစ်နေကြတာ တစ်ယောက်ပြီးတစ်ယောက်ဖျားနေတာပေါ့။ရေတွေမသန့်ရှင်းတာကြောင့်လည်း ဝမ်းပျက်ဝမ်းလျောအတွက်က စိုးရိမ်စရာတွေဖြစ်လာတာပေါ့” ဟု ကိုယ်တိုင်ကြုံတွေ့နေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

ငလျင်ဘေးဒဏ်ကြုံပြီးနောက် အိမ်သာများပါ ပြိုကျပျက်စီးသွားသည့်အတွက် အရေးပေါ် လိုအပ်နေမှုဖြစ်နေပြီး၊ ဒေသခံများအတွက် သောက်ရေသန့်များသည် အနည်းငယ်သာကျန်ရှိပြီး ရေသန့်များလည်း ဆက်လက်လိုအပ်နေကြောင်း အင်းလေးငလျင်ဒဏ်ကြုံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“သောက်သုံးရေသန့်တွေကို အဓိကလိုအပ်တယ်ပေါ့။ ရေက အလှူရှင်ပေးတာာပဲကျန်တာ နေ့တိုင်း သုံးနေရတာဆို‌တော့ နောက်လကုန်ထိမလောက်တော့ဘူး။ ရေဘေးတုန်းကလည်း သောက်သုံး ရေတွေ အခက်အခဲဖြစ်တယ်။ အခုတော့လည်း ငလျင်ကြောင့် ရေပြဿနာတွေထပ်ကြုံ နေရတယ်။ အိမ်သာတွေကလည်း အခက်အခဲဖြစ်တယ် လိုလည်းအရမ်းလိုအပ်နေတယ် သူများအိမ်နဲ့ ပေါင်းသုံးနေရတာပါ” ဟု ၎င်းကပြောသည်။

လက်ရှိ အင်းလေးဒေသအတွင်း ငလျင်လေးဒဏ်ကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်ခန့်၊ နေအိမ် ၃၅၀၀ ထပ်မနည်းပျက်စီးခဲ့ရပြီး ရွာတိုင်းနီးပါး ‌သောက်‌ရေ သုံးရေ အခက်အခဲများကြုံတွေ့နေရပြီး၊ ‌ကေလာ၊ နမ့်ပန်၊ ဇရပ်ကြီး၊ ရှေ့ဝကြီး နှင့် စသည့်ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါများ စတင်ကြုံ့တွေ့ နေရကြောင်း အင်းလေးဒေသခံများက ပြောသည်။

မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျောရောဂါ၊ အသည်းရောင်အသားဝါ၊ အူရောင်ငန်းဖျား၊ ပိုလီယို၊ အရေးပြားရောဂါများ ဖြစ်တတ်ပြီး အသက်ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်သည်။

ကျန်းမာရေးအတွက် အဖွဲ့အစည်းများမှ အင်းလေးဒေသအတွင်းသို့ လာ‌ရောက်လှူဒါန်းမှု ကူညီမှုများရှိသော်လည်း ဆေးဝါးအချို့ ဆက်လက်လိုအပ်နေကြောင်း‌ သိရသည်။

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...