Published
Tuesday, April 29, 2025
လားရှိုးမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား ဌာနဆိုင်ရာရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေ
- လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဌာနဆိုင်ရာရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။
- ရှမ်းပြည်အရှေ့ပိုင်းကနေ ကုန်ပစ္စည်းတင်ဆောင်လာတဲ့ ကုန်တင်ကားကြီးတွေ ရာနဲ့ချီကို စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
- နောင်ချိုမြို့နယ်မှာ အခုလက်ရှိအချိန်ထိ ရေရှည်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးတွေ ဧကပေါင်းထောင်နဲ့ချီ ဆုံးရှုံးခဲ့ရပါတယ်။






