ရခိုင်တောင်ပိုင်း ဒေသခံများ ခရီးသွားထောက်ခံစာယူရာတွင် အခက်အချို့ရှိနေ

ရခိုင်တောင်ပိုင်း ဒေသခံများ ခရီးသွားထောက်ခံစာယူရာတွင် အခက်အချို့ရှိနေ
ထိန်းချုပ်နယ်မြေထဲက AA ၏ စစ်ဆေးရေးဂိတ်တစ်နေရာ။ ဓာတ်ပုံ - APM။
ထိန်းချုပ်နယ်မြေထဲက AA ၏ စစ်ဆေးရေးဂိတ်တစ်နေရာ။ ဓာတ်ပုံ - APM။

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်က ဒေသခံများမှာ မြို့နယ်ဖြတ်ကျော် ခရီးဝေးသွားလာခွင့် ထောက်ခံစာ ULA ထံမှ တောင်းခံရာတွင် အခက်အခဲများရှိနေကြောင်း စုံစမ်းသိရသည်။

တောင်ပိုင်း ဒေသခံများအနေဖြင့် ရခိုင်ပြည် အနှံ့သို့ မြို့နယ်ဖြတ်ကျော်၍ ခရီးသွားလာရာတွင် ULA/ AA က ထုတ်ပေးသော ခရီးသွားထောက်ခံစာလိုအပ်ပြီး ယင်းထောက်ခံစာ တောင်းခံရာ၌ မလွယ်ကူဖြစ်နေကြခြင်းဟု ဆိုသည်။

“အရင်ဆုံး ကျေးရွာတာဝန်ခံ ဒါမှမဟုတ် တိုက်နယ်တာဝန်ခံဆီက ထောက်ခံစာတောင်းရတယ်။ အဲဒီထောက်ခံစာတွ ရပြီးတဲ့အခါကျမှ မြို့နယ်ရုံးကိုသွားပြီး ခရီးသွားထောက်ခံစာ ထပ်တောင်းရတယ်။ ဆိုတော့ အရေးပေါ် သွားရမယ့်လူအတွက် မလိုအပ်ဘဲ အချိန်ကြန့်ကြာတယ်။ ဝေးလံတဲ့နေရာက လူတွေဆိုရင် တစ်နေရာကနေ တစ်နေရာကိုသွားတဲ့ လမ်းမှာတင် တစ်ရက်နှစ်ရက်ထိ အချိန်ကုန်သွားပြီ” ဟု မအီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အမ်းနှင့် တောင်ကုတ်မြို့နယ်တို့သည် ပြည်မနှင့် ဆက်စပ်နေပြီး လက်ရှိ မကွေးနှင့် ပဲခူးတိုင်း နယ်စပ်တလျောက် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများရှိနေသည်။

အလားတူ မာန်အောင်နှင့် ကျောက်ဖြူမြို့ကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး လက်ရှိ ကျောက်ဖြူတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

ထို့ကြောင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအခြေအနေအရ ရခိုင်တောင်ပိုင်း မြို့နယ်များရှိ ကုန်းလမ်း၊ ရေလမ်းတလျှောက်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စစ်ဆေးရေးဂိတ်များ ချထားပြီး ခရီးသွားထောက်ခံစာပါသူများကိုသာ မြို့နယ်ဖြတ်ကျော်ခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ခံစာယူရာတွင် တစ်နေရာမှ တစ်နေရာသို့ အဆင့်ဆင့်ဖြတ်နေရ၍ အချိန်ကြန့်ကြာခြင်းနှင့် လမ်းစရိတ်ငွေ အပိုကုန်ကျခြင်းတို့ကိုလည်း ကြုံနေကြရသည်။

“လုံခြုံရေးအရ ထောက်ခံစာယူရတာကို လက်ခံပါတယ်။ ဒါပေမဲ့ အလွယ်တကူဖြစ်အောင် အစိုးရအနေနဲ့ ဝန်ဆောင်မှုပေးသင့်တယ်။ အခုက ထောက်ခံစာအတွက် ငွေကြေးမပေးရပေမယ့် ထောက်ခံစာကို သွားယူဖို့ လမ်းစရိတ်က မလွယ်ဘူး။ ဒါကြောင့် ခရီးသွားထောက်ခံစာကို ကျေးရွာအဆင့်၊ အုပ်စုအဆင့်တွေနဲ့ အလွယ်တကူရအောင် စီစဉ်ပေးစေချင်တယ်” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်မြောက်ပိုင်းဒေသက ULA/ AA ထိန်းချုပ်စိုးမိုးထား နေရာအနှံ့အပြားတွင် အလွယ်တကူ လွတ်လပ်စွာ သွားလာ၍ ကူးသန်းသွားလာခွင့် ရရှိနေကြပြီဖြစ်သည်။

သို့သော်လည်း ရခိုင်တောင်ပိုင်း မြို့နယ်များက ဒေသခံများမှာ ထောက်ခံစာအခက်အခဲကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေကြရခြင်းဖြစ်သဖြင့် ဖြေလျှော့ပေးစေလိုကြောင်း တောင်းဆိုကြသည်။

လက်ရှိ AA သည် ပလက်ဝနှင့် မြို့နယ် ၁၅ ခုထိကို သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တယားဖြင့် ကျန်းမာရေး၊ ပညာရေး၊ လယ်ယာ၊ အခွန်၊ ရဲ စသည့် ဌာနဆိုင်ရာနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည်။

May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...