အာရက္ခတိုင်းပြည် တည်ဆောက်ရာတွင် မွတ်ဆလင်အမျိုးသမီးများ ပါဝင်နိုင်ရေး ULA နှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ စွမ်းရည်မြှင့်ဟောပြောပို့ချ

အာရက္ခတိုင်းပြည် တည်ဆောက်ရာတွင် မွတ်ဆလင်အမျိုးသမီးများ ပါဝင်နိုင်ရေး ULA နှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ စွမ်းရည်မြှင့်ဟောပြောပို့ချ
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

အနာဂတ်အာရက္ခတိုင်းပြည်တည်ဆောက်ရာတွင် လူမျိုး၊ ဘာသာ၊ မရွေး၊ ကျား/ မ မရွေး ပူးပေါင်းပါဝင်နိုင်ရေးအတွက် အာရက္ခဒေသတွင်းရှိ မွတ်ဆလင်အမျိုးသမီးများကို အမျိုးသမီးများ အခွင့်အရေးဆိုင်ရာနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်ကဏ္ဍများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနှင့် ရက္ခိုင်ပြည်ကျောင်းသားသမ္ဂ (Arakan Students' Union-ASU) တို့ ပူးပေါင်းပြီး ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပို့ချမှုကို ယခုဧပြီလ ၁၂ ရက်က ရခိုင်လွတ်မြောက်မြို့နယ်များမှ မွတ်ဆလင်ကျေးရွာ ၉ ရွာတွင် ကွင်းဆင်းပြုလုပ်ခဲ့ကြောင်း ASU ၏ လူမျိုးစုရေးရာကော်မတီ အတွင်းရေးမှူး မအေးအေးစိုးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အာရက္ခတိုင်းပြည်တည်ဆောက်ရာတွင် မတူကွဲပြားသော လူမျိုးစုများအကြား သဟဇာတကျပြီး ယုံကြည်မှုတည်ဆောက်နိုင်ရန် လိုအပ်သလို လူမျိုးဘာသာမရွေး၊ ကျား/မ မရွေး ပါဝင်ပူးပေါင်းပါဝင်တည်ဆောက်ရန် လိုအပ်သောကြောင့် ယခုကဲ့သို့ ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သူက ပြောသည်။

"အာရက္ခတိုင်းပြည်ကိုတည်ဆောက်ရာမှာ အမျိုးသား၊ အမျိုးသမီး လူမျိုးဘာသာတိုင်း ပူးပေါင်းပါဝင်သင့်တယ်ဆိုတာတွေ ဟောပြောပို့ချခဲ့ပါတယ်။ ပြီးတော့ အမျိုးသားသဟဇာတကျရေးဆိုတဲ့ National Harmony , Social Harmony ဆိုတဲ့ လူမှုသဟဇာတကျရေးတွေကို ဟောပြောပို့ချခဲ့တယ်။ ပြီးတော့ အာရက္ခဒေသက လူငယ်တွေဟာ တိုင်းပြည်တည်ဆောက်ရာမှာ ပိုပြီးတော့ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်သင့်တဲ့ကဏ္ဍတွေ။ စကစရဲ့ အကြမ်းဖက်မှုတွေကို တိုက်ထုတ်နိုင်ဖို့ အာရက္ခပြည်မှာရှိတဲ့ လူမျိုးဘာသာမရွေး၊ ကျား/မ မရွေး ပူးပေါင်းလုပ်ဆောင်သင့်တဲ့ အခြေအနေတစ်ရပ်ဖြစ်နေပြီဆိုတာတွေကိုလည်း ဟောပြောပို့ချခဲ့ပါတယ်" ဟု ပြောသည်။

တော်လှန်ရင်း တိုင်းပြည်တည်ဆောက်နေသည့်ကာလဖြစ်သည့်အတွက် အာရက္ခဒေသအတွင်း နေထိုင်သည့် လူမျိုးစုများအကြား သဟဇာတဖြစ်မှုနှင့် ယုံကြည်မှုများ တည်ဆောက်ရန် အဓိကလိုအပ်ကြောင်း သူက ပြောသည်။

"အခုအချိန်မှာ တော်လှန်ရင်းနဲ့ တည်ဆောက်နေတဲ့ကာလဖြစ်တဲ့အတွက် Nation Building အရ အာရက္ခဒေသမှာနေထိုင်တဲ့ လူမျိုးစုတွေကြားမှာ အချင်းချင်းသဟာဇာတဖြစ်မှု၊ ယုံကြည်မှုတွေ တည်ဆောက်ဖို့လိုတယ်ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်" ဟု ပြောသည်။

အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ရခိုင် ၁၄ မြို့နှင့် ပလက်ဝမြို့နယ်တို့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

ယင်းအပြင် လူမျိုးစုရေးဆိုင်ရာ အခန်းကဏ္ဍကိုလည်း အလေးပေးစီမံဆောင်ရွက်လျက်ရှိပြီး အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများတွင်လည်း အာရက္ခဒေသနေ လူမျိုးစုတိုင်းကို လက်တွဲခေါ်ယူနေသည်ကို တွေ့ရကြောင်း ပြည်သူများက ပြောသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...