ပြည်နယ်အနှံ တိုက်ပွဲပြင်းထန်နေပြီး သတင်းဖော်ပြမှု သတိထားရန်နှင့် အရေးကိစ္စမရှိဘဲ သွားလာခြင်းမပြုရန် KNU ပန်ကြား

ပြည်နယ်အနှံ တိုက်ပွဲပြင်းထန်နေပြီး သတင်းဖော်ပြမှု သတိထားရန်နှင့် အရေးကိစ္စမရှိဘဲ သွားလာခြင်းမပြုရန် KNU ပန်ကြား

လက်ရှိ ကရင်ပြည်နယ်အတွင်း KNU၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA၊ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ နေရာအနှံ့ပြား တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူများ ပုန်းရှောင်သည့်နေရာများကို သတင်းဖော်ပြရာတွင် မီဒီယာများ သတိထားရန်နှင့် အရေးကိစ္စမရှိဘဲ သွားလာခြင်းမပြုရန် KNU က ဧပြီ ၁၉ ရက်နေ့တွင် ပန်ကြားပြောဆိုသည်။

ယခုလို တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက အရပ်သားပြည်သူလူထုများကို ပစ်မှတ်ထားကာ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် စစ်ရှောင်နေရာများကို သတင်းဖော်ပြမှု သတိထားရန် ပန်ကြားခြင်းဖြစ်သည်ဟု KNU၊ ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးက ကေအိုင်စီသို့ ပြောသည်။

“အခုလက်ရှိအခြေအနေမှာ ကျတော်တို့ အများပြည်သူကို အသိပေးချင်တာက တိုက်ပွဲတွေကြား နေထိုင်နေရသူတွေ အနီးပတ်ဝန်းကျင်ကလူတွေ သွားလာရေးမှာ အထူးသတိထားသွားလာဖို့နဲ့ အများပြည်သူတွေ သေဆုံးမှုတွေမရှိအောင်၊ မသွားမဖြစ် သွားရမယ်ဆိုရင်လည်း အထူးဂရုစိုက်သွားလာဖို့ တဆင့်တဆင့်သိအောင် သတိပေးပြောကြားရခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထိုအပြင် နှစ် ၇၀ ကျော် တော်လှန်ရေးအတွေ့အကြုံအရ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၎င်းတို့ ဆွေးမျိုးသားချင်းများအပါအဝင် မည်သူတဦးတစ်ယောက်ကိုမျှ စာနာခြင်းမရှိဘဲ အမိန့်အတိုင်းသာ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ ပြုတ်ကျပြီး ပျောက်ကွယ်သွားအောင် မိမိတို့ တိုက်တွန်းပြောဆိုချက်များကို အလေးထား နားထောင်ပြီး အတူ ပူးပေါင်းလုပ်ဆောင်ရန် ပြောလိုသည်ဟု ပဒိုကလယ်စေးက ပြောသည်။

လက်ရှိ ဧပြီ ၁၄ ရက်နေ့မှစ၍ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းအပါအဝင် ကော့ကရိတ်မြို့နယ် နေရာအနှံအပြား KNLA၊ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက အများပြည်သူ ထိခိုက်သေဆုံးမည်ကို သိလျက်နှင့် ဘာသာရေးဆိုင်ရာ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများကို ဆက်တိုက် ပြုလုပ်နေလျက်ရှိသည်ဟု သိရသည်။

July 31, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု...
July 31, 2026
စစ်တပ်ကို တိုက်ခိုက်နေသည့် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည်...
July 31, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို KNLA...
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် သုံးထပ်ကွေ့လမ်းပိုင်းကို စစ်တပ်က လေယာဉ်ဖြင့်...