ငလျင်နောက်ဆက်တွဲ စစ်ကိုင်းမြို့ခံများ ဝမ်းရောဂါနှင့် အရေပြားရောဂါ ဖြစ်နေ

ငလျင်နောက်ဆက်တွဲ စစ်ကိုင်းမြို့ခံများ ဝမ်းရောဂါနှင့် အရေပြားရောဂါ ဖြစ်နေ

ငလျင်ဒဏ်ကို ဆိုးဝါးစွာခံစားခဲ့ရသည့် စစ်ကိုင်းမြို့ခံများမှာ ယခုအခါ ရေမသန့်ရှင်းမှုများကြောင့် ဝမ်းရောဂါနှင့် အရေပြားရောဂါ အဖြစ်များနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများထံမှ  သိရသည်။

ထိုသို့ ဝမ်းရောဂါနှင့် အရေးပြားရောဂါများသည် အသက် ၁၈ နှစ်အောက် ကလေးငယ်များတွင် ပိုပြီး အဖြစ်များနေသဖြင့် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောင်မှုများ လိုအပ်နေသည်။

လက်ရှိတွင် စစ်ကိုင်းမြို့ရှိ တောင်ရေဦး၊ အောင်မြေဦး၊ ရွှေတောင်ဦး၊ ပဲစားချောင်းစသည့် ဘုန်းကြီးကျောင်းများနှင့် အခြား လူဦးရေ ထူထပ်သောနေရာများတွင် ကူးစက်ပြန့်ပွားမှုများလည်းနေရှိနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများက ဆိုသည်။

“ဖြစ်နေကြတာက ရေမသန့်ရှင်းတာလည်း ပါသလို လူဦးရေများတာတွေကြောင့် ကူးစက်သွားကြတယ်။ လူဦးရေ ဘယ်လောက်ဖြစ်တယ်ဆိုတာကတော့ စာရင်းအတိအကျ မကောက်နိုင်သေးဘူး” ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် လူမှုကူညီရေးသမားများက  ရွှေ့လျားဆေးကုခန်းများ ဖွင့်လှစ်ကုသနေသော်လည်း ကုသမှုအပိုင်းတွင် မနိုင်မနင်းဖြစ်နေသေးကြောင်း သိရသည်။

အလားတူ ဒေသတွင်း လမ်းခရီးခက်ခဲမှု ဆက်သွယ်ရေး အဆင်မပြေမှုတို့နှင့် အခြားအကူ အညီဝင်ရောက်မှု နည်းပါးမှုတို့ကြောင့်  ငလျင်ဘေးဒဏ်သင့် ပြည်သူများ ပိုပြီး အခက်ခဲဖြစ်နေရကြောင်း ပြောဆိုကြသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့သည့် ငလျင်ဒဏ်တွင် စစ်ကိုင်းမြို့သည် ထိခိုက်သေဆုံး၊ ပျက်စီးမှုများခဲ့သော မြို့တစ်မြို့ ဖြစ်သည်။

July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...
July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...