ကချင်ပြည် နေရာတချို့မှာ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီဘက်က စည်းကမ်းချိုးဖောက်တာဖြစ်ကြောင်း KIO ပြောကြား

ကချင်ပြည် နေရာတချို့မှာ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီဘက်က စည်းကမ်းချိုးဖောက်တာဖြစ်ကြောင်း KIO ပြောကြား

- ငလျင်ဒဏ်သင့် နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ယာယီအပစ်ရပ်မယ်လို့ နှစ်ဖက်လက်နက်ကိုင်တွေ အပြန်အလှန် ကြေညာခဲ့ပေမဲ့ ကချင်ပြည်နယ်က နေရာတချို့မှာတော့ တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က စည်းကမ်းချိုးဖောက်တာဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။

- KIO ထိန်းချုပ်နယ်မြေရှိ လိုင်ဇာနယ်စပ်ဂိတ်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ပြန်ဖွင့်ထားပြီး တရုတ်ဘက်က အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေကို တင်သွင်းခွင့်ပြုထားပေမဲ့ လွတ်လွတ်လပ်လပ် တင်သွင်း၊ တင်ပို့ခွင့်မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

- ကချင်ပြည်နယ် လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာ(Lawa Mare)အပါအဝင် ဝါရာဇွပ်တစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် တောတောင်တွေထဲနဲ့ တခြားရွာတွေဆီ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေ နေရာထိုင်ခင်းနဲ့အစားအသောက် အခက်ကြုံနေတယ်လို့ သိရပါတယ်။

Most read this week

September 11, 2026
- အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ...
September 10, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ နှမ်းစျေးကျဆင်းတာကြောင့် အရှုံးပေါ်နေတယ်လို့...
September 9, 2026
- မယ်လဒုက္ခသည်စခန်းမှာ အမေရိကန်အစိုးရရဲ့ အကူအညီပေးရေး ရန်ပုံငွေတွေ ရပ်ဆိုင်းခံရပြီးတဲ့နောက်...
September 8, 2026
- အစားအစာမလုံလောက်မှုကြောင့် စစ်ရှောင်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေး...