ကချင်ပြည် နေရာတချို့မှာ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီဘက်က စည်းကမ်းချိုးဖောက်တာဖြစ်ကြောင်း KIO ပြောကြား

ကချင်ပြည် နေရာတချို့မှာ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီဘက်က စည်းကမ်းချိုးဖောက်တာဖြစ်ကြောင်း KIO ပြောကြား

- ငလျင်ဒဏ်သင့် နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ယာယီအပစ်ရပ်မယ်လို့ နှစ်ဖက်လက်နက်ကိုင်တွေ အပြန်အလှန် ကြေညာခဲ့ပေမဲ့ ကချင်ပြည်နယ်က နေရာတချို့မှာတော့ တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က စည်းကမ်းချိုးဖောက်တာဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။

- KIO ထိန်းချုပ်နယ်မြေရှိ လိုင်ဇာနယ်စပ်ဂိတ်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ပြန်ဖွင့်ထားပြီး တရုတ်ဘက်က အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေကို တင်သွင်းခွင့်ပြုထားပေမဲ့ လွတ်လွတ်လပ်လပ် တင်သွင်း၊ တင်ပို့ခွင့်မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

- ကချင်ပြည်နယ် လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာ(Lawa Mare)အပါအဝင် ဝါရာဇွပ်တစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် တောတောင်တွေထဲနဲ့ တခြားရွာတွေဆီ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေ နေရာထိုင်ခင်းနဲ့အစားအသောက် အခက်ကြုံနေတယ်လို့ သိရပါတယ်။

Most read this week

December 4, 2025
- ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တွေ...
December 3, 2025
- စစ်ကော်မရှင်က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို...
December 3, 2025
- တရုတ်တွေ DKBA နယ်မြေထဲကနေ အမြန်ဆုံးထွက်ခွာသွားကြဖို့ သတိပေးညွန်ကြားထားတယ်လို့ ဒီမိုကရေစီ...
December 2, 2025
- ရခိုင်က မိုင်းထိခံရတဲ့ မိသားစု ၈၀ ရာခိုင်နှုန်းမှာ အသက်မွေးဝမ်းကျောင်းတွေ ဆိုးဝါးစွာ ထိခိုက်‌...