ပုဏ္ဏားကျွန်းဆေးရုံကို စစ်ကောင်စီက အတွဲလိုက်ဒုံးဖြင့် ပစ်ခတ်၍ အဆောင်အချို့ ပျက်စီး

ပုဏ္ဏားကျွန်းဆေးရုံကို စစ်ကောင်စီက အတွဲလိုက်ဒုံးဖြင့် ပစ်ခတ်၍ အဆောင်အချို့ ပျက်စီး

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိဆေးရုံကို စစ်တွေမြို့တွင် ရှိနေသည့် စစ်ကောင်စီတပ်စခန်းတစ်ခုက အတွဲလိုက်ဒုံးဖြင့်ပစ်ခတ်၍ ဆေးရုံအဆောင်အချို့ ပျက်စီးသွားသည်ဟု သိရသည်။

ယနေ့ မတ်လ ၂၈ ရက်၊ အရုဏ်ချိန်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်တွင်ရှိသည့် ဆေးရုံဝန်းကျင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

သတင်းရင်းမြစ်တစ်ဦးက "အတွဲလိုက်ဒုံးတွေနဲ့ပစ်တာ ဆေးရုံအနားကို သုံးလုံးကျတယ်။ ဆေးရုံအဆောက်အဦတချို့ ပျက်စီးသွားပါတယ်။ မြို့ထဲမှာ လူမနေတော့ အထိအခိုက်က မရှိဘူး" ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်ကလည်း စစ်ဘေးရှောင်ဦးရေ တစ်ရာကျော် ခိုလှုံနေသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ငါးဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ မတ်လ ၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် စစ်ကောင်စီက ယခုကဲ့သို့ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေမှုကြောင့် ဒေသခံများသည် နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်လျက်ရှိနေကြဆဲဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့နယ်များမှ လူနေထူထပ်သည့်နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦ၊ ဈေး စသည့်နေရာများအား ပစ်မှတ်ထားကာ တစိုက်မတ်မတ် ဗုံးကြဲတိုက်ခိုက်မှုများအား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...