အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ လိုင်းခန်းတစ်ခုတွင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ

အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ လိုင်းခန်းတစ်ခုတွင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ လိုင်းခန်းတစ်ခုကို ယမန်နေ့ မတ်လ ၂၆ ရက်နေ့၊ နေ့လည် (၁) နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ဒေသခံ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း အိမ်ရှေ့ပြင်ရပ်ကွက်၌ ငှားရမ်းနေထိုင်နေသည့် ဒေသခံများက ပြောသည်။

အဆိုပါ လိုင်းခန်းအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ဧည့်စာရင်းမတိုင်သည့် အကြောင်းပြချက်များဖြင့် ဒေသခံ (၂၀) ကျော်ကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ပြီးခဲ့တဲ့ရက်က ဝင်ဖမ်းသွားတယ်။ အသက် (၅၀) ကျော် အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ဖမ်းခံထိသွားတယ်။ အိမ်ရှေ့ပြင်ရပ်ကွက် အနီးတဝိုက်မှာက တခြားဒေသတွေ ရွာတွေကနေပြီးတော့ စစ်ဘေးလာရှောင်တဲ့သူတွေများတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်အလားတူ ယခု မတ်လ နောက်ဆုံးအပတ်အတွင်း ဧည့်စာရင်းအပါအဝင် စစ်မှုထမ်း အကြောင်းပြချက်ဖြင့် စစ်ကောင်စီမှ အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခံရသူ ၄၀ ဝန်းကျင်အထိရှိလာကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ယခုလို စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးလိုက်သည့်သူများထဲတွင် အခြားသောဒေသမှ စစ်ဘေးလာရောက်တိမ်းရှောင်သူများနှင့် နေ့စားအလုပ်သမားများလည်းပါဝင်နေပြီး ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဒီဘက်ရပ်ကွက်အများစုက လိုင်းခန်းတွေမှာ နေ့စား ပုတ်ပြတ်အလုပ်သမားတွေ ငှားပြီးနေတယ်။ လိုင်းခန်းတွေကလည်း တခြားနေရာထက်စာရင် ဈေးတော်တယ်။ ပြီးတော့ ဖမ်းခံထိတဲ့သူတွေကတော့ ရဲစခန်းမှာ အခုထိ လွတ်လာတာ မတွေ့ရသေးဘူး” ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြောင်းအမျိုးမျိုးပြကာ  အရပ်သားပြည်သူများအား အဓိကအပစ်မှတ်ထား၍ ဖမ်းဆီးမှုများကြောင့် ဒေသခံပြည်သူ (၃၂၆) ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း FE5 Tanintharyi ၏ အစီရင်ခံစာပေးပို့ချက်များအရ သိရသည်။

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...