လွိုင်ကော်မြို့ အဝင်/အထွက် ပြုလုပ်သူတွေကို အား/ကာသိပ္ပံကျောင်း စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်ကို Tablet နဲ့ တိုက်ဆိုင်စစ်ဆေးနေ

လွိုင်ကော်မြို့ အဝင်/အထွက် ပြုလုပ်သူတွေကို အား/ကာသိပ္ပံကျောင်း စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်ကို Tablet နဲ့ တိုက်ဆိုင်စစ်ဆေးနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့အတွင်း အဝင်/အထွက် ပြုလုပ်နေသူတွေကို စစ်ကောင်စီက လွိုင်ကော်မြို့တွင်းက အား/ကာသိပ္ပံကျောင်းဝန်းအတွင်းမှာ စစ်ဆေးပြီး မှတ်ပုံတင်နဲ့ သူတို့မှာရှိတဲ့ Tablet ထဲက အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီလိုစစ်ဆေးရာကနေ ဖမ်းဆီးခံရသူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပေမယ့် ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

“သူတို့မှာ ပြစ်မှုစာရင်းတွေ ရှိပုံရတယ်။ မှတ်ပုံတင်ကြည့်ပြီးလို့ မသင်္ကာတာနဲ့ အဆင့်ဆင့် စစ်တော့တာပဲ။ ပြီးခဲ့တဲ့အပတ်က CDM ဆရာမတစ်ဦးနဲ့ အခြား CDM အမျိုးသမီးတစ်ယောက်က ဖမ်းခံရတယ်ကြားတယ်” လို့ လွိုင်ကော်မြို့အတွင်း ခရီးသွားလာနေသူတစ်ဦးက ဆိုပါတယ်။

ရှမ်း – ကရင်နီအဝင် လွိုင်လင်လေးမြို့ကစပြီး လွိုင်ကော်မြို့တွင်းထိ စစ်ဆေးရေးပေါင်း ၆ ခုထိရှိပြီး ခရီးသွားပြည်သူတွေရဲ့ မှတ်ပုံတင်၊ ယာဉ်ပေါ်ပါသူတွေရဲ့ အမည်စာရင်း၊ ခရီးသွားလာရတဲ့ အကြောင်းအရင်းတွေကို မေးမြန်းတယ်လို့ ဆိုပါတယ်။

Tablet ပါအချက်အလက်တွေနဲ့ တိုက်ဆိုက်စစ်ဆေးမှုကိုတော့ အားကာသိပ္ပံကျောင်းက စစ်ဆေးရေးဂိတ်မှာပဲ ပြုလုပ်တာတွေ့ရကြောင်း မြို့ကို အသွားအလာပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။

“Tablet ထဲမှာ စာရင်းရှိတယ် Tablet ထဲက စာရင်းနဲ့ မှတ်ပုံတင်နဲ့ တိုက်ကြည့်တယ် တိုက်ကြည့်ပြီး ဖမ်းတာ။ အဲ့နောက်ပြီး KayPay ပါ ထပ်စစ်တာ KayPay အဆက်စပ်နဲ့ ထပ်ရှာသေးတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင် – လွိုင်ကော် လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ၊ ပြည်သူ့စစ် (PNO) ဂိတ် စုစုပေါင်း ၁၅ ခုထက်မနည်း ရှိနေပါတယ်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...