AA ၏ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို သိမ်းပိုက်ရန်အတွက် ကြီးမားပြင်းထန်သည့် ထိုးစစ်မတိုင်ခင် အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး ဒါကာသို့ရောက်ရှိလာ

AA ၏ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို သိမ်းပိုက်ရန်အတွက် ကြီးမားပြင်းထန်သည့် ထိုးစစ်မတိုင်ခင် အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး ဒါကာသို့ရောက်ရှိလာ

အာရက္ခတပ်တော် (AA) ၏ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို သိမ်းပိုက်ရန်အတွက် ကြီးမားပြင်းထန်သည့် ထိုးစစ်မတိုင်ခင် အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးနှင့်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏မြို့တော် ဒါကာမြို့သို့ မတ် (၂၄) ရက်ညပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း Bangladesh Development Report မှ သတင်းဖော်ပြသည်။

ဟာဝိုင်အီအခြေစိုက်၊ အမေရိကန်ပစိဖိတ် စစ်ဌာနချုပ် (USARPAC) ၏ ဒုတိယကွပ်ကဲရေးမှူးဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီး Joel 'JB' Vowell ဦးဆောင်ပြီး ထိပ်တန်းအရာရှိ (၄) ဦးပါအဖွဲ့သည် Dhaka's Hazrat Shah Jalal အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ (၂၄) ရက်၊ ည (၁၀) နာရီဝန်းကျင်တွင် ရောက်ရှိလာခဲ့ကြောင်း BDRE Report က သတင်းဖော်ပြသည်။

အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်မှ ထိပ်တန်းဗိုလ်ချုပ်ကြီးနှင့်အဖွဲ့သည် မတ်လ (၂၅) ရက်တွင် ဘင်္ဂလားဒေ့ရှ် တပ်မတော် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အာရက္ခတပ်တော် (AA) ၏ စစ်ရေးလှုပ်ရှားမှုများ (ထိုးစစ်ဆင်မှုများ) မကြာမီ စတင်လာမည်ဟု မျှော်လင့်ရသည့်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် (ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်း) တွင် ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ပိုမိုခိုင်မာစေရန်ရည်ရွယ်ပြီး တွေ့ဆုံကြခြင်းလည်းဖြစ်ကြောင်း NE News ကလည်း သတင်းဖော်ပြသည်။

ဒုဗိုလ်ချုပ်ကြီး Vowell သည် အီရတ်နှင့် အာဖဂန်နစ္စတန်စစ်မြေပြင်တွင် အတွေ့အကြုံများစွာရှိသူဖြစ်ပြီး ၄င်းသည် အာဖဂန်နစ္စတန်တွင် သုံးကြိမ်နှင့် အီရတ်တွင် နှစ်ကြိမ် တိုက်ခိုက်ရေးတာ၀န်များကိုထမ်းဆောင်ခဲ့သူဖြစ်သည်။

၄င်းသည် မတ်လ (၂၅) ရက်တွင်ပင် ဒါကာမှ ဟာဝါအီသို့ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး Vowell ၏ ဒါကာခရီးစဉ်သည် AA အနေဖြင့် ရခိုင်ပြည်နယ်ရှိ လက်ကျန်မြို့သုံးမြို့ဖြစ်သည့် မြန်မာစစ်တပ်က ဆက်လက်ခုခံနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့တို့ကို သိမ်းပိုက်ရန်အတွက် ကြီးမားပြင်းထန်သည့် ထိုးစစ်ကြီးစတင်ရန် စီစဉ်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာရေးရာ (စစ်ရေး) လေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုက်ခတ်လာမည်ဖြစ်ကြောင်း၊ တိုက်ပွဲများအတွင်း AA အနေဖြင့် ထောက်ပံ့ရေးလမ်းကြောင်းများ လိုအပ်လာမည်ဖြစ်သည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ တပ်ဖြန့်ချထားမှုများကို သေချာပေါက် တိုးချဲ့ချထားသွားရမည်ဖြစ်ကြောင်း ဒါကာအခြေစိုက် ပထဝီနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။

"ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ဘယ်လိုအကူအညီမျိုး ထောက်ပံ့ပေးနိုင်မလဲဆိုတာ၊ အမေရိကန် စစ်ဘက်အရာရှိတွေက ခြုံငုံသုံးသပ်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်နိုင်ပါတယ်” ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

March 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့စစ်နှာတွင် အာရက္ခတပ်တော်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေသည့်...
March 16, 2026
ရခိုင်စစ်ပွဲများကြောင့် ရခိုင်မှ ရန်ကုန်နှင့် ဧရာဝတီသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်နေသော...
March 14, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်မှ မိုင်းထိ၍ ခြေထောက်ဖြတ်လိုက်ရသူများအနေဖြင့် ခြေတုနှင့်...
March 13, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊...