ရွှေညောင်မြို့မှာ စစ်မှုမထမ်းလိုသူတွေကို ငွေကြေးတောင်းခံ၊ စစ်ရှောင်ပြည်သူတွေ အခက်တွေ့

ရွှေညောင်မြို့မှာ စစ်မှုမထမ်းလိုသူတွေကို ငွေကြေးတောင်းခံ၊ စစ်ရှောင်ပြည်သူတွေ အခက်တွေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုမထမ်းလိုသူ ဒေသခံတွေနဲ့ စစ်ရှောင်တွေကို ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။

အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားတစ်ဦးအတွက် ၂ သောင်းမှ ၉ သောင်းအထိ လစဥ်ကြေးပေးနေရပြီး လစဥ်ကြေးပေးဆောင်ရတဲ့ ပမာဏကတော့ ရပ်ကွက်တစ်ခုနဲ့တစ်ခု မတူညီဘူးလို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ လတုန်းက တစ်လလျှင် ၃ သောင်းကျပ်နဲ့ ၃ လစာအတွက် ၉ သောင်းကျပ်ကို ပေးဆောင်ခဲ့ရပြီး လက်ရှိမှာတော့ တစ်လကို ၆ သောင်းနှုန်းနဲ့ ၃ လစာအတွက် ၁ သိန်း ၈ သောင်း ကောက်ခံမှုကြောင့် အခက်ကြုံရတယ်လို့ ရွှေညောင်မြို့မှာ စစ်ရှောင်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“သူများ ရပ်ကွက်တွေက ၂ သောင်းပဲကျနေချိန်၊ ကျနော် ၃သောင်းပေးရတယ်။ ခုက တစ်လ ၆ သောင်းဆိုတော့ မတတ်နိုင်တော့ဘူးလေ။ အဆောင်ခတွေ စားစရိတ်တွေရယ် စစ်မှုထမ်းကြေးရယ် ကျနော့်ဝင်ငွေနဲ့ ဘယ်လိုမှ အဆင်မပြေတော့ဘူးလေ“ လို့ သူက ပြောပါတယ်။

ရွှေညောင်မြို့ အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး အပေါ် မူတည်ကာ ကောက်ခံတဲ့ စစ်မှုထမ်းစရိတ် ကွာခြားမှုရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် ဖွင့်လှစ်တဲ့ စစ်မှုထမ်းအပတ်စဉ် ၁၁ ထိ ရှိနေပြီဖြစ်ပါတယ်။

“ခုက အပတ်စဥ် ၁၁ လောက်ရှိပြီ။ အချို့ရပ်ကွက်တွေက အစပိုင်းမှာ လစဥ်ကြေးလည်း မပေးဘူး လူလည်း မထည့်ပေးကြဘူး။ နောက်ပိုင်းမှ ပြန်ထည့်ပေးတော့ သူတို့ရပ်ကွက်က စစ်မှုထမ်းရမယ့် အရေအတွက်ကော အဲ့ဒီအတွက် လူစားရှာရတဲ့ စရိတ်ကော များကုန်တာပေါ့” လို့ ရွှေညောင်မြို့ခံတစ်ဦးက ဆိုပါတယ်။

ရွှေညောင်မြို့အတွင်းက စစ်ရှောင်ပြည်သူတွေဟာ စစ်မှုထမ်းဖို့စာရင်းမှာ မပါရှိပေမယ့် စစ်ရှောင်တွေရဲ့ နာမည်စာရင်းတွေကိုလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက ကောက်ခံလျက်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေက တောင်းခံတဲ့ ငွေကြေးကို ပေးဆောင်နေရတယ်လို့ စစ်ဘေးရှောင်တွေထံကနေ သိရှိရပါတယ်။

Most read this week

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...