ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စုအတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာမှုများနေပြီး ဆေးဝါးလိုအပ်နေ

ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စုအတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာမှုများနေပြီး ဆေးဝါးလိုအပ်နေ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စုအတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ ကလေးအပါအဝင် လူကြီးတွေ ဖျားနာမှုများနေပြီး ဆေးဝါးမရှိတဲ့အတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

“ခုတလော ဖျားနာကြတယ်။ ကလေးရော တချို့လည်း လူကြီးရောပေါ့။ ကိုယ်ပူ၊ ခေါင်းကိုက်၊ လည်ချောင်းယား၊ လည်ချောင်းနာ၊ ချောင်းဆိုးတာ၊ နှာစေး၊ ကိုက်ခဲတာတွေ များတယ်။ ရာသီအကူးအပြောင်းဆို အဲ့လို အဖြစ်များတယ်။ ပြီးတော့ အရေပြားယားနာတွေလည်း တချို့စဖြစ်တယ်။ ဆေးတွေတော့ မရှိဘူး။ အခြား‌ နီးစပ်ရာဆေးခန်းကိုပဲ လွှဲလိုက်တယ်။ တချို့လူနာဆို မသွားကြဘူး။ အဲ့လို အရေးပေါ်အတွက်ဆို ဆေးလည်းမရှိတော့ဘူး” လို့ ကူညီပေးနေတဲ့ ဆေးဆရာမတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းရှိပေမယ့် ဆေးဝါးပြတ်လပ်နေတာကြောင့် အရေးပေါ်လူနာတွေကို တခြားနေရာကို လွဲပြောင်းပေးရတာပါ။ လက်ရှိ ရာသီဥတု အကူးအပြောင်းလဲကြောင့် ဖျားနာမှုတွေ များပြားနေသလို နာတာရှည်ရောဂါ ခံစားရသူတွေ သွေးတိုး၊ ဆီးချို ရောဂါသည်အတွက်လည်း ဆေးဝါးလိုအပ်တယ်လို့ ပြောပါတယ်။

“ခုတလော တောင်ယာခုပ်ကြတာဆိုတော့ ထိခိုက်ဒဏ်ရာလည်း ရှိတယ်။ ပတ်တီးတို့ ဆေးဝါရည်တို့တောင် မရှိတော့လို့ ဝယ်ထားရတယ်” လို့ ကူညီပေးနေတဲ့ ဆရာမတစ်ဦးက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလကတည်းက ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့အုပ်စုအတွင်းက ဒေသခံတွေ စုပေါင်းနေထိုင်ကြတာဖြစ်ပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၁,၉၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...