လုံခြုံရေးအခြေအနေကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းက စာသင်ကျောင်းတစ်ကျောင်း နောက်ဆုံးစာမေးပွဲကို တောထဲတစ်နေရာမှာ ဖြေဆိုခဲ့ရ

လုံခြုံရေးအခြေအနေကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းက စာသင်ကျောင်းတစ်ကျောင်း နောက်ဆုံးစာမေးပွဲကို တောထဲတစ်နေရာမှာ ဖြေဆိုခဲ့ရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာစာသင်ကျောင်းတစ်ကျောင်းမှာ ပြီးဆုံးတော့မယ့် ပညာသင်နှစ်အတွက် နောက်ဆုံးစာမေးပွဲကို လုံခြုံရေးအခြေအနေကြောင့် တောထဲတစ်နေရာမှာ ဖြေဆိုခဲ့ကြတယ်လို့ ကျောင်းတာဝန်ခံဆီကနေ သိရပါတယ်။

ကျေးရွာအတွင်း စာသင်ကျောင်းရှိပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် နောက်ဆုံးစာမေးပွဲကို အခက်အခဲမျိုးစုံနဲ့ ပြုလုပ်ခဲ့ရတယ်လို့ ကျောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

“အခက်အခဲကတော့ အမျိုးမျိုးပါပဲ။ ကလေးတွေကိုစုပြီး နေ့တိုင်း အကြိုအပို့ လုပ်ရတာပေါ့။ နောက်တစ်ခုက နေရာထိုင်ခင်းကိစ္စပေါ့နော်။ တဲလေးထဲမှာ အဆင်ပြေသလို ဖြေနေရတာပေါ့။ ထိုင်ခုံနဲ့မဟုတ်တော့ ဖြေရတာ ကလေးတွေအတွက်လည်း ပင်ပန်းမှုတော့ရှိတာပေါ့။ နောက်တစ်ခုကတော့ ကလေးတွေရဲ့ စိတ်ပါဝင်စားမှုပေါ့။ စစ်ရေးသတင်း နားစွင့်နေရတာဆိုတော့ စိတ်ဖြောင့်ဖြောင့်နဲ့တော့ မရှိဘူးပေါ့နော်” လို့ ကျောင်းတာဝန်ခံတစ်ဦးက ဆိုပါတယ်။

ကျောင်းဆရာ၊ ဆရာမအပြင် ကျောင်းသားမိဘတွေ စုပေါင်းပြီး စာမေးပွဲဖြေဆိုမှုအတွင်း လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ရတယ်လို့ ပြောပါတယ်။

စာမေးပွဲဖြေဆိုရက်ကိုလည်း ဖြေဆိုမယ့် သတ်မှတ်ရက်ထက် စောစော ဖြေဆိုလိုက်ရတယ်လို့ ဆိုပါတယ်။

အဆိုပါ စာသင်ကျောင်းမှာ Grade-1 ကနေ Grade-11 ထိရှိကာ ကျောင်းသားပေါင်း ၂၅၀ ဝန်းကျင်ရှိပြီး ဆရာ၊ ဆရာမ ၂၀ ဦးရှိပါတယ်။

စာမေးပွဲကိုတော့ မတ်လ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ဖြေဆိုခဲ့ကြတာပါ။

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...