မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ရောင်းချနေမှုကို ဖြတ်တောက်ရန် ထိုင်းအစိုးရ ဆုံးဖြတ်

မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ရောင်းချနေမှုကို ဖြတ်တောက်ရန် ထိုင်းအစိုးရ ဆုံးဖြတ်

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ရှိ နေရာအချို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အား ရောင်းချနေမှုကို ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စတင်ဖြတ်တောက်ရန် အစိုးရက ဆုံးဖြတ်လိုက်သည်ဟု နေရှင်းသတင်း၌ ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီး ဖန်တမ်ဝီချရာချိုင်းက မြန်မာနယ်စပ်ဒေသသို့ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားပေးဝေမှုကို ဖြတ်တောက်ရန် ယနေ့တွင် အတည်ပြုပေးခဲ့ဖြစ်ပြီး ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ကို ဖြတ်တောက်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု နေရှင်းသတင်း၌ ဖော်ပြထားသည်။

ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောဆိုထားသည်။

အဆိုပါ ကျားဖြန့်လုပ်ငန်းများက ၂၀၂၂ မှ ၂၀၂၄ ခုနှစ်ဇွန်လအထိ ထိုင်းလူမျိုး ငါးသိန်းကျော်ကို ဖုန်းခေါ်ဆိုလိမ်လည်မှုများ ခံစားခဲ့ရသည်ဟု ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ဥက္ကဋ္ဌ ဖန်တန်က ပြောသည်။

ထိုသို့ ဖုန်းခေါ်ဆို လိမ်လည်မှုများကြောင့် ဘတ် လီလီယံ ၆၀ ကျော် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုက်ဘာမှုခင်း စုံစမ်းစစ်ဆေးရေးဗျူရို၏ စာရင်းအချက်အလက်များကို ကိုးကား၍ ၎င်းကပြောသည်။

“ဒီနေ့မှာ NSC က မြဝတီဓာတ်အား ဖြတ်တောက်သင့်တယ်လို့ PEA ကို အကြောင်းကြားပြီး လိုက်နာဖို့ ပျက်ကွက်သူ မည်သူမဆို ထိုင်းနိုင်ငံကို ထိခိုက်စေနိုင်တဲ့ ဖုန်းခေါ်ဆိုလိမ်လည်တဲ့ ဂိုဏ်းတွေကို ခွင့်ပြုတဲ့အတွက် အပြစ်ပေးခံရမယ်လို့ သတိပေးထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။

၎င်းအပြင် ရွှေကုက္ကို၊ KK Park နှင့် မြဝတီအပါအဝင် လျှပ်စစ်ဓာတ်အားဖြတ်တောက်မည့်နေရာများကို သက်ဆိုင်ရာ အေဂျင်စီများက သတ်မှတ်ပေးသင့်သည်ဟု အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌဖန်တမ်က ဆက်ပြောသည်။

ယခုလို လျှပ်စစ်ဓါတ်အားဖြတ်တောက်ခံရသည့် ဒေသရှိ အိမ်ထောင်စုများအတွက် ထိခိုက်မှုအပေါ် မေးခွန်းများလည်း ပေါ်ထွက်နေသော်လည်း မြန်မာနိုင်ငံသည် ၎င်းတို့နယ်မြေတွင် ရာဇဝတ်ဂိုဏ်းများကို ခွင့်ပေးခြင်းအတွက် တာဝန်ယူသင့်သည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုသည်။

January 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ နယ်မြေမငြိမ်မသက်မှုကြောင့် တစ်လကျော် ကမ်းကူးသွားလာခွင့်...
မလေးရှားနိုင်ငံ Local Media Summit 2025 သို့ IPCM ကိုယ်စား ဦးတိုးဇော်လတ် တက်ရောက်ခဲ့စဉ်
January 20, 2026
မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခကြားထဲတွင် သတင်းသမားများ လုံခြုံစွာ သတင်းရယူပိုင်ခွင့်...
January 19, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ထဲရှိ ကျုံဒိုး၊ ကော့ကရိတ်၊ နဘူးစစ်အုပ်စု တပ်နယ်တပ်ရင်းများနှင့်...
January 17, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အဓိက ဝင်ငွေရပေါက်လမ်းအဖြစ် နယ်မြေတွင်း မူးယစ်ဆေးဝါး...