ဖရူဆိုက လုပ်ငန်းခွင်ဝင်နေတဲ့ တောင်သူတွေကို စစ်ကော်မရှင်တပ် ဒရုန်းနဲဗုံးကြဲနေ

ဖရူဆိုက လုပ်ငန်းခွင်ဝင်နေတဲ့ တောင်သူတွေကို စစ်ကော်မရှင်တပ် ဒရုန်းနဲဗုံးကြဲနေ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တောင်ယာခင်းထဲ သွားလာကြတဲ့ တောင်သူတွေကို စစ်ကော်မရှင်တပ်က ကင်းထောက်ပြီး ဒရုန်းနဲ့ဗုံးကြဲတာကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ တကြိမ် ၊ ဇွန်လ ၁၆ ရက်နေ့ တကြိမ် စစ်ကော်မရှင်က ဒရုန်းနဲ့ဗုံးကြဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိပေမယ့် တောင်ယာသွားလာကြတဲ့ တောင်သူတွေဟာ လုံခြုံရေး စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။

"၃ နာရီ ၁၅မိနစ်မှာ တစ်ခါ၊ မိနစ် ၃၀ ချိန်မှာတစ်ခါ နှစ်လုံးကျတာပေါ့၊ လူတော့ မထိဘူး။ ထွက်ပြေးလိုက်တာ။ ကြဲတာတော့ ဒုတိယရက်မှာ နှစ်လုံးပေါ့နော" လို့ တောင်သူတဦးက ပြောပါတယ်။

စားဝတ်နေရေးအတွက် တောင်သူတွေ အားထားလုပ်ကိုင်နေရတဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်နေချိန် ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် အခက်တွေ့စေတယ်လို့ ပြောပါတယ်။

"တောင်ယာသွားတော့လဲ ဘားမလုံခြုံဘူး ဘာလုပ်ရမလဲ မသိဘူး၊ တောင်ယာ မသွားလို့လဲမရဘူးလေး၊ ဘာစားရမှာလဲ"လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စစ်ကော်မရှင်တပ်က လူထုရှိရာဖက်ကို ဒရုန်းနဲ့ဗုံးကြဲမှုအပြင် လက်နက်ကြီးပစ်ခတ်မှုလည်း မကြာခဏ ပြုလုပ်နေတာကြောင့် လူနေအိမ်ထိမှန်ပျက်စီးတာ၊ ဒေသခံ ထိခိုက်ဒဏ်ရာရတာလည်း ရှိခဲ့ပါတယ်။

လတ်တလော ဖရူဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အကြောင်းမဲ့ ဒရုန်း ၊ လက်နက်ကြီး ပစ်ခတ်တာကြောင့်လည်း ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်မှာ ၂၀၂၆ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုအကြိမ်ရေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...