လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာခြင်းကြောင့် စက်မှုလုပ်ငန်းအချို့ ရပ်နားလာရ

လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာခြင်းကြောင့် စက်မှုလုပ်ငန်းအချို့ ရပ်နားလာရ

မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး ပြည်သူတို့၏ နေ့စဉ်ဘဝနှင့် စက်မှုလုပ်ငန်းများအပေါ် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံပြည်သူတို့ထံမှ သိရသည်၊၊

ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိမှုသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တစ်ရက် ၈ နာရီခန့်ရရှိခဲ့ရာမှ ဒီဇင်ဘာလတွင် တစ်ရက် ၄ နာရီ လျော့ကျလာပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာတော့ တစ်ရက် ၂ နာရီဝန်းကျင်သာ ရရှိနေသည်ဟု သုံးစွဲသူပြည်သူတို့က ဆိုသည်။

လျှပ်စစ်မီးရရှိမှု နည်းပါးလာသည့်အတွက် လျှပ်စစ်မီးဖြင့် လည်ပတ်နေရသည့် လုပ်ငန်းများ ရပ်တည်ရန် ပိုမိုခက်ခဲလာပြီး အသေးစားစက်မှုလုပ်ငန်းများဖြစ်သည့် မုန့်ဖုတ်လုပ်ငန်း၊ မိတ္တူလုပ်ငန်း၊ သံပန်းလုပ်ငန်းများ လုပ်ငန်းရပ်နားလာရသည်ထိ ဖြစ်လာသည်ဟု မော်လမြိုင်မြို့ပေါ်ရှိ အသေးစားလုပ်ငန်းရှင်တို့က ပြောသည်။

“မီးရချိန်နည်းနေတယ်ဆိုတော့ စက်ရုံအချို့ ရပ်ဆိုင်းလိုက်ရတာလဲရှိတယ်။ အခြားလုပ်ငန်းတွေကလည်း လျှပ်စစ်မီးရရှိတဲ့အပေါ်မှာ မူတည်ပြီး ပြောင်းလဲဆောင်ရွက်နေရတာလည်းရှိတယ်၊၊ အများအားဖြင့် ခက်ခဲလာကြတယ်လေ” ဟု ချောင်းဆုံမြို့နယ်ရှိ စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှု များလာသည့်အတွက် အများစုက မီးစက်၊ ဆိုလာအစရှိသည်တို့ကို သုံးစွဲလာရသည့်အတွက် ကုန်ကျစရိတ်များ တိုးမြင့်လာသည်ဟု ဆိုသည်။

မော်လမြိုင်မြို့ခံတစ်ဦးကလည်း “အခက်အခဲအမျိုးမျိုးဖြစ်တာပေါ့၊၊ လျှပ်စစ်မီးက ပုံမှန်ရနေရင် ပိုက်ဆံများများ မကုန်ဘူးပေါ့၊၊ ဒီလိုအခြေအနေကြောင့် မီးစက်တွေ သုံးလာရတယ်၊၊ စာသောက်ဖို့အတွက်လဲ ဂတ်စ်၊ မီးသွေးတွေ ပိုသုံးလာရတယ်” ဟု ပြောသည်။

စစ်ကောင်စီက စွမ်းအင်ထုတ်လုပ်မှုစရိတ်များတိုးလာပြီး၊ ဓာတ်အားရရှိမှုအတွက် နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် မီတာခများကို နှစ်ဆ တိုးမြှင့်ကောက်ခံခဲ့သည်။

စစ်တပ်အာဏာသိမ်း ၄ နှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အားပေးမှုကို စစ်ကောင်စီက ထပ်မံလျှော့ချလိုက်သည်။

March 25, 2026
စက်သုံးဆီ ပြတ်လပ်ပြီး အကန့်အသတ်ဖြင့် စျေးကြီးပေးဝယ်နေရသည့်အတွက် သယ်ယူပို့ဆောင်ရေးစရိတ်နှင့်...
March 24, 2026
ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ဆက်တိုက်ကျဆင်းလာနေပြီး မတ်လ ၂၃ ရက်နေ့တွင် ၁၆...
ပုံ- မြိတ်သတင်းနှင့်ဓာတ်ပုံ
March 23, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ကားလမ်းပိုင်း အသုံးပြုမှုနှင့်ပတ်သတ်၍...
March 21, 2026
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ယမန်နေ့ရွေးချယ်ခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌနေရာတွင် ကြံ့ခိုင်ရေးပါတီ...