ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ပြုလုပ်ကြေး ၂၅ သိန်း ပေါက်စျေးရှိ

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ပြုလုပ်ကြေး ၂၅ သိန်း ပေါက်စျေးရှိ

ပြည်ပသို့ အလုပ်ထွက်လုပ်မည်ဆိုပါက ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Oversea Worker Identification- OWIC)လိုအပ်ပြီး ထိုကတ်ရရှိရန် ကျပ် ၂၅ သိန်းအထိပေးနေရကြောင်း ပြည်ပတွင် အလုပ်လုပ်ရန် ပြင်ဆင်နေသူများထံက သိရသည်။

ထိုကတ်ပြားကို ကိုယ်တိုင်ပွဲစားနှင့် ဆက်သွယ်ပြုလုပ်ပါက ကျပ်ငွေ ၁၈ သိန်းကျသင့်ပြီး တလခန့်စောင့်ဆိုင်းရကြောင်း၊ ပြည်ပဝန်ဆောင်မှု အကျိုးဆောင်လုပ်ငန်းများမှတဆင့် လုပ်ဆောင်ပါက ၂၅ သိန်းကျပ် ကျသင့်ပြီး တပတ်ခန့်သာကြာမြင့်ကြောင်း ၎င်းတို့ကဆိုသည်။

“အေဂျင်စီပြောတာက ကိုယ်တိုင်လုပ်ရင်လည်း ရတယ်။  သူတို့နဲ့ဆိုရင် တပတ်လောက်နဲ့ရမယ်ဆိုတာနဲ့ ကိုယ်ကလည်း အမြန်လိုချင်နေတာဆိုတော့ ၂၅ သိန်းပေးပြီးပဲ လုပ်လိုက်တယ်” ဟု နိုဝင်ဘာလကုန်ပိုင်းက စင်ကာပူသို့ အလုပ်လုပ်ရန် ထွက်ခွာခဲ့သူက ပြောသည်။

ထို့အပြင် မဇ္ဈိမက OWIC ကတ်လုပ်ဆောင်ပေးနေသည့် ပွဲစားများထံ စုံစမ်းကြည့်ရာ စာရွက်စာတမ်းများစုံလင်ပါက ကတ်ဖိုးနှင့် လမ်းကြောင်းကြေး (စစ်ကောင်စီ ဝန်ထမ်းများထံ လာဘ်ထိုးရ‌ငွေ) အပြီးအစီးကျပ် ၁၈ သိန်း ကုန်ကျမည်ဟု ပြန်လည်ပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံသွားရောက်မည့်သူများ OWIC ကတ်လုပ်ဆောင်ရာတွင် ထိုကဲ့သို့ ကျပ်သိန်းဆယ်ဂဏန်းအထိ မကုန်ကျကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်တဦးက ပြောသည်။

“သူတို့ပွဲစားတွေနဲ့လုပ်ရင်တော့ အဲ့လောက်ကုန်မှာပေါ့လေ။ တခါမှတော့ အဲလောက် မပေးရသေးဘူး။ အချိန်ကတော့ နှစ်ပတ် သုံးပတ်လောက်ကြာတာပေါ့။ အမြန်လုပ်မယ်ဆိုရင်တော့ တပတ်လောက်ပေါ့။ စာကတော့ ကြိုပြီးတင်ပေးရတယ်။ လေယာဉ်လက်မှတ်တွေဘာတွေနဲ့ အဲ့မှာ ဒီရက်မှာ ပင်လုံသင်တန်းတက်ရမယ်ဆိုရင် ပြီးတာနဲ့ ကတ်ထုတ်ပေးတာပါပဲ” ဟု ၎င်းကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်ကာ PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် OWIC ကတ်ရှိမှသာ ပြည်ပထွက်ခွင့်ပြုမည်ဖြစ်ကြောင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ပြည်ပမှ ယာယီပြန်လာသူများအနေဖြင့်လည်း OWIC ကတ်ရှိမှ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားခဲ့သည်။

OWIC ကတ်စတင်လုပ်ဆောင်မည့်သူများသည် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမတွင် စစ်ကောင်စီ၏ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တစ်ရက်တက်ရောက်ရသည်။

အဆိုပါ ကတ်လုပ်ဆောင်ရန်အတွက် နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်၊ ULDကတ်၊ အလုပ်ခေါ်စာ၊ အလုပ်ရှင် အလုပ်သမားစာချုပ်၊ ပြည်ဝင်ခွင့်ဗီဇာ၊ ဘွဲ့လက်မှတ်၊ ကျွမ်းကျင်လက်မှတ်၊ အရည်အချင်းအောင်လက်မှတ်၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းဆင်းလက်မှတ်များ လိုအပ်ကြောင်း သိရသည်။

February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)
February 25, 2026
မောင်ခက်နွေ — ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင်...
February 24, 2026
မောင်ခက်နွေ — စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး တတိယအကြိမ်မြောက်...