အမ်းမြို့ပေါ်တိုက်ပွဲကြားတွင် ပိတ်မိနေ၍ အစာရေစာပြတ်လပ်နေသည့် ဒေသခံ ၂၀၀ကျော်ကို အာရက္ခတပ်တော်မှကယ်ထုတ်

အမ်းမြို့ပေါ်တိုက်ပွဲကြားတွင် ပိတ်မိနေ၍ အစာရေစာပြတ်လပ်နေသည့် ဒေသခံ ၂၀၀ကျော်ကို အာရက္ခတပ်တော်မှကယ်ထုတ်

တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ် ရပ်ကွက်များအတွင်း အစာရေစာပြတ်လပ်ပြီး ပိတ်မိနေသည့် ဒေသခံ ၂၀၀ ကျော်ကို အာရက္ခတပ်တော်(AA)မှ တိုက်ပွဲဖြစ်နေသည့်ကြားမှ အသက်စွန့် ကယ်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်း ပိတ်မိ‌နေသည့် ဒေသခံ ပြည်သူများကို နိုဝင်ဘာ ၂၃ရက်နေ့မှ၂၅ရက်နေ့အတွင်း အာရက္ခတပ်တော်မှ တစ်သုတ်ပြီး တစ်သုတ် အသက်စွန့်ကာ ကယ်ထုတ်ထားသည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"အစာရေစာငတ်ပြတ်တဲ့သူကပြတ်၊ ကျန်းမာရေးမကောင်းတဲ့သူကမကောင်း။ အချိန်မီသာကယ်မထုတ်ရင် ငတ်လို့သေကြတော့မှာ။ အာရက္ခတပ်တော်က စစ်ကောင်စီဗုံးလာကြဲ လက်နက်တွေနဲ့ပစ်တဲ့ကြားထဲက ရအောင်ကယ်ထုတ်ပေးထားတာ" ဟု ပြောသည်။

အာရက္ခတပ်တော်မှ ကယ်ထုတ်ထားသည့်အတွက် ဘေးကင်းလုံခြုံသည့်နေရာကို ရောက်ရှိနေပြီး လတ်တလော စားရေးသောက်ရေး အဆင်ပြေနေသည်ဟု ပြောသည်။

သို့သော်လည်းအနွေးထည်၊စောင်၊ အခင်းနှင့် အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်အရေးကူညီပေးသူ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

" အဓိကစားဝတ်နေရေး၊ လောလောဆယ်က အငတ်ဘေးက လွတ်ပြီ။ အမိုးအကာတွေ၊ အခင်းတွေ၊ စောင်တွေ လိုအပ်နေတယ်။ တပ်တော်က အခုလိုကယ်ထုတ်ပေးတဲ့အတွက် ကျနော်တို့အနေနဲ့လည်းကျေးဇူးလည်းတင်တယ် ဝမ်းလည်းသာပါတယ်" ဟုပြောသည်။

အမ်းမြို့တွင်း ပိတ်မိနေသေးသူများလည်းရှိနေသေးကြောင်းဒေသခံများထံမှတဆင့်သိရသည်။

ယခုကယ်ထုတ်လာသည့် ပြည်သူများမှာ မြို့သစ်ရပ်ကွက်မှ မဟာဂန္ဓာရုံကျောင်း၊ ဓာတ်ပေါင်းစုစစ်ဘေးရှောင်စခန်းနှင့် လေယဉ်ကွင်း (ခေါ် )မြို့ဟောင်းရပ်ကွက်မှ ဒေသခံများဖြစ်ကြကြောင်း သိရသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် အမ်းမြို့နယ်တွင် စက်တင်ဘာလမှစ၍ တိုက်ပွဲစပြင်းထန် ဖြစ်ပွားလာခဲ့ပြီး  လက်ရှိတွင် အာရက္ခတပ်တော်(AA)မှ အမ်းအခြေစိုက်တပ်ရင်း အများအပြားကို သိမ်းပိုက်ထားပြီဖြစ်သည်။

အမ်းမြို့တွင်တိုက်ပွဲပြန်လည်စတင်ခဲ့သည့် စက်တင်ဘာလ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီသည် အမ်းမြို့ရှိဂိတ်များ အားလုံးကိုလည်း အဝင်အထွက်ပိတ်ထားလိုက်ပြီး မြို့ခံများမှာလည်း ယခု နိုဝင်ဘာလအထိ ၃လခန့်အကြာ မြို့တွင်းတွင်ပိတ်မိနေကြခြင်းဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ- ပုံဟောင်း)

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...