အမ်းတွင် ရဟတ်ယာဉ်တစ်စီးကို ပစ်ခတ်နိုင်ခဲ့ကြောင်း AA အတည်ပြု

အမ်းတွင် ရဟတ်ယာဉ်တစ်စီးကို ပစ်ခတ်နိုင်ခဲ့ကြောင်း AA အတည်ပြု
ပလက်ဝတိုက်ပွဲအတွင်း ပစ်ချနိုင်ခဲ့သော ရဟတ်ယာဉ်ရှေ့တွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။  ဓာတ်ပုံ - 3 Brotherhood Alliance
ပလက်ဝတိုက်ပွဲအတွင်း ပစ်ချနိုင်ခဲ့သော ရဟတ်ယာဉ်ရှေ့တွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - 3 Brotherhood Alliance

အနောက်ပိုင်းတိုင်းစစ်ဌာနာချုပ် (နပခ) သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ ရဟတ်ယာဉ်များအား ပစ်ခတ်စဉ် တစ်စီးကိုထိမှန်ခဲ့ကြောင်း အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အတည်ပြုသည်။

နိုဝင်ဘာ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နပခဌာနချုပ် ပတ်ဝန်းကျင်တွင် လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်အင်အား လာပို့သည့် ရဟတ်ယာဉ် ၄ စီးကို ပစ်ခတ်စဉ် တစ်စီး၏အမြီးပိုင်းကို ထိမှန်သွားခဲ့သည်ဟု ဦးခိုင်သုခက ပြောသည်။

“အဲဒီထိသွားတဲ့ ရဟတ်ယာဉ်ဟာ အဲဒီနေရာမှာ ထိုးကျပျက်စီးသွားတာမျိုး မဟုတ်ဘဲ သူတို့ အကြမ်းဖက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာအထိ ရောက်အောင် သူတို့ကြိုးစားထိန်းမောင်းပြီးမှ သတ်မှတ်နေရာကို မရောက်ဘဲ အဆင်ပြေတဲ့တစ်နေရာမှာ ဆင်းသက်သွားတယ်လို ကျနော်တို့ သိရပါတယ်” ဟု ဦးခိုင်သုခက သတင်းမီဒီယာများသို့ ဖြေကြားထားသည်။

အဆိုပါပစ်ခတ်ခံရသည့် ရဟတ်ယာဉ်မှာ မကွေးတိုင်း၊ ငဖဲမြို့နယ် ကျောက်ဆုံရွာအနီးသို့ ဆင်းသက်သွားခဲ့ကြောင်း သိရရှိရသည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။

နပခဌာနချုပ်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ရေး AA က ဆက်လက်ထိုးစစ်ဆင်နေပြီး လက်ရှိတွင် စစ်ကောင်စီ တပ်စခန်း ၁၀ ခန့် သိမ်းပိုက်ထားကာ နေ့စဉ်နှင့်အမျှ တိုက်ပွဲပြင်းထန်လျက်ရှိသည်။  

လက်ရှိတွင်လည်း နပခဌာနချုပ် စစ်သင်တန်းကျောင်းအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ပစ်ကူပေးရင်း စစ်အင်အားဖြည့်တင်းနေကြောင်း သိရသည်။  

“အမ်း ဟာ စစ်ကောင်စီအတွက် အရေးကြီးတယ်။ အနောက်တံခါးလို့ခေါ်တဲ့ ရခိုင်နဲ့ ချင်းတောင်အပါအဝင် အုပ်ချုပ်ထားတဲ့ နယ်မြေပေါ့။ ပြီးတော့ စစ်တွေကနေ ကုန်းလမ်းထွက်ပေါက် တစ်ပေါက်တည်းသာရှိတဲ့ အမ်းစစ်ဌာနချုပ် ဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီအတွက် အရေးပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ရခိုင်ဒေသအတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။ ပွင့်လင်းရာသီရောက်လာ၍ အမ်း၊ ဂွ၊ တောင်ကုတ်၊ မောင်တော တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...