အမ်းက ကျေးရွာနှစ်ရွာကို စစ်ကောင်စီ ဝင်ရောက်မီးရှို့

အမ်းက ကျေးရွာနှစ်ရွာကို စစ်ကောင်စီ ဝင်ရောက်မီးရှို့
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ပျက်စီးနေသည့် နေအိမ်အချို့။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ပျက်စီးနေသည့် နေအိမ်အချို့။

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ပြောင်းချောင်းနှင့် ချင်းကုန်းကျေးရွာကို စစ်ကောင်စီက ‌အောက်တိုဘာ ၃၁ ရက်၊ ညနေပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မီးရှို့သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

"အခု မီးရှို့သွားတဲ့ ရွာတွေက နပခ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)နဲ့ နီးတယ်။ ဒါကြောင့် အေအေက တစ်ဆင့်ခံ ထိုးစစ်ဆင်လာမှာကို စိုးရိမ်လို့ မီးရှို့သွားတာလို့ ပြောလို့ရနိုင်တယ်" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြောင်းချောင်းနှင့် ချင်းကုန်းကျေးရွာမှာ အမ်းမြို့အောက်ဘက်တွင် တည်ရှိပြီး ကျေးရွာနှစ်ရွာပေါင်း အိမ်ခြေ ၅၀၀ ကျော်နှင့် လူဦးရေ ၂,၀၀၀ ကျော်ရှိသည်။ ကျေးရွာသားများမှာ မြို့အနီးတိုက်ပွဲဖြစ်ပွားလာချိန်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

စစ်ကောင်စီ မီးရှို့မှုကြောင့် နေအိမ်ပျက်စီးသွားမှုနှင့် ပတ်သက်၍ စာရင်းအတိအကျကို မသိရသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်ကလည်း (နပခ) နှင့် ၇ မိုင်အကွာရှိ လုံးကျေးရွာကို စစ်ကောင်စီတပ်သား တစ်ရာခန့်က ဝင်ရောက်မီးရှို့မှုကြောင့် နေအိမ်အများအပြား ပျက်စီးသွားခဲ့သည်။

"စစ်ကောင်စီက စစ်ကိုစစ်နဲ့ တူအောင်မတိုင်တော့ပဲ ပြည်သူတွေရဲ့ ချွေးနဲ့လုပ်ထားတဲ့အရာတွေကိုပါ ဖျက်ဆီးနေတယ်။ စစ်ပွဲဆိုင်ရာဥပဒေကိုလည်း မစောင့်ထိန်း၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီးတော့ မိုက်ရူးဆန်တဲ့ လုပ်ရပ်တွေချည်းပဲ လုပ်နေတယ်" ဟု ရခိုင်လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ၍ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

လက်ရှိတွင် နပခ ဒု - တိုင်းမှူးနှင့်အဖွဲ့မှာ ထွက်ပြေးသွားခဲ့ပြီဖြစ်ပြီး မြေပြင်အခြေအနေတွင်လည်း တပ်ဖွဲ့အချို့ အာရက္ခပ်တပ်တော်သို့ ထွက်ပြေး ခိုလှုံမှုများရှိနေသည်။

June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...
June 22, 2026
ရခိုင်ပြည်တွင် မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံး...