ညောင်ရွှေရောက် လွိုင်ကော်စစ်ရှောင်တွေကို လာမယ်နွေမှာ နေရပ်ပြန်ခိုင်းမယ်လို့ သတင်းတွေထွက်ပေါ်

ညောင်ရွှေရောက် လွိုင်ကော်စစ်ရှောင်တွေကို လာမယ်နွေမှာ နေရပ်ပြန်ခိုင်းမယ်လို့ သတင်းတွေထွက်ပေါ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့ လွိုင်ကော်မြို့နယ်ဒေသခံတွေကို လာမယ့် နွေရာသီမှာ စစ်ကောင်စီ ကလမ်းစရိတ်ပေးပြီး နေရပ်ပြန်ခိုင်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

လွိုင်ကော်ရောက် စစ်ရှောင်လူထုတွေရဲ့ စာရင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ကောက်ခံနေတယ်လို့ ညောင်ရွှေရောက် လွိုင်ကော်စစ်ရှောင်ရဲ့ မိသားစုဝင်အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

“စာရင်းတွေတော့ လိုက်ကောက်နေတယ်လို့ပြောတယ်။ လွိုင်ကော် ကလူတွေကို။ ကလေးတွေ ကျောင်းပိတ်ရာသီရောက်မှ လမ်းစရိတ် ပေးပြီး ပြန်ခိုင်းမယ်အဲ့လိုကြားတယ်လေ” လို့ ညောင်ရွှေရောက် လွိုင်ကော်စစ်ရှောင်ရဲ့ မိသားစုဝင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

မိသားစုဝင်တွေထဲက အချို့မှာ စစ်ရှောင်နေဆဲဖြစ်ပြီး အချို့မှာတော့ နေရပ်လွိုင်ကော်မြို့ပေါ်မှာ ပြန်နေကြပါပြီ။ စစ်ရှောင်နေဆဲ အချို့သူတွေမှာ နေရပ်ကို ပြန်ချင်ကြပေမဲ့ စစ်ရေးအခြေအနေကော စားဝတ်နေရေးအတွက်ပါ စိုးရိမ်နေကြသေးတာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေကို လာရောက်ကူညီတဲ့ အလှူရှင်အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားတယ်လို့ ညောင်ရွှေရောက်လွိုင်ကော် ‌ဒေသခံတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“လမ်းစရိတ်တွေပေးမယ်ပေါ့ အဲ့တာပြန်ခိုင်းမယ်။ ပြီးတော့ ညောင်ရွှေဖက်မှာ နေတဲ့ စစ်ရှောင်တွေ ဆီကိုလည်း အလှူရှင်အဖွဲ့တွေလာလည်း စစ်ကောင်စီဖက်က ပေးမဝင်ဘူးလို့ “လို့ ညောင်ရွှေရောက် လွိုင်ကော် ‌ဒေသခံတစ်ဦးက ဆိုပါတယ်။

လက်ရှိ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေမှာ ပြည်သူ ပြန်နေကြတာရှိပေမယ့် မြို့ပေါ်အခြေအနေ မှာတော့ လျှပ်စစ်မီး ပြတ်တောက်နေဆဲပဲလို့ ဒေသခံတစ်ဦးကပြောပါတယ်။

March 2, 2026
ဖေဖော်ဝါရီလ (၂၈) နေ့မှာ ကျရောက်တဲ့ ကရင်နီသူနာပြုများ အစည်းအရုံး Karenni Nurses Association(KNA)...
February 28, 2026
စစ်ရေးအခြေအနေပြင်းထန်ပြီး စစ်ဘေးရှောင်တွေများပြားနေတဲ့ ကရင်နီပြည်မှာ စားဝတ်နေရေး...
ကန္တာရဝတီတိုင်း ( မ် )
February 27, 2026
ကရင်နီသူနာပြုများ အစည်းအရုံး (Karenni Nurses Association - KNA) ဥက္ကဋ္ဌအဖြစ်...
February 26, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် နဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဖားဆောင်း ( သံလွင် )...