နပခ ဒု-တိုင်းမှူး အမ်းမှ ထွက်ပြေး

နပခ ဒု-တိုင်းမှူး အမ်းမှ ထွက်ပြေး

ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့်အဖွဲ့ သည် အမ်းမြို့မှ မကွေးသို့ ထွက်ပြေးသွားကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာ ၂၈ ရက်တွင် Mi - 17 စစ်ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားခြင်းဖြစ်ပြီး မကွေးမြို့ရှိ တပ်မ-၈၈ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"၂၈ ရက်နေ့ကတည်းက ဒုတိုင်းမှူးနဲ့ အဖွဲ့ကို အမ်း (နပခ)ကနေ ဆုတ်ခွာဖို့ တပ်(စစ်ကောင်စီတပ်)ဘက်က လာကြိုတယ်။ အခု အမ်းမှာ မရှိတော့ဘူး။ မကွေး တပ်မ-၈၈ မှာ ခေတ္တရောက်နေတယ်လို့ သိရတယ်" ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒု -တိုင်းမှူး သောင်းထွန်းနှင့်အဖွဲ့ စီးနင်းလိုက်ပါသော Mi - 17 ရဟတ်ယာဉ်ကို အာရက္ခတပ်တော်က ပစ်ခတ်ခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ AA ပြောခွင့်ရ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

နပခ တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်က ပိတ်ဆို့ကာ အရှိန်မြှင်ထိုးစစ်ဆင်သဖြင့် နေ့စဉ် ရက်ဆက် တိုက်ပွဲပြင်းထန်နေသည်။ လက်ရှိ စစ်ကောင်စီ၏ ခမရ ၃၇၃၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်၊ ဆေးတပ်နှင့် ပူလောင်တောင်ကုန်းရှိ အမြောက်စခန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ခမရ ၃၇၂၊ ၃၇၁ တပ်ရင်းနှင့် စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)၊ ဆောက်လုပ်ရေး အင်ဂျင်နီးယားတပ် (GE)၊ စစ်မြေပြင် အင်ဂျင်နီယာတပ်( BE) ဆေးတပ်တို့ကိုပါ AA က ဆက်လက်ထိုး စစ်ဆင်နေခြင်းဖြစ်သည်။

"COD နဲ့ BE တပ်တွေကိုလည်း ရလုနီးပါးလို့ ပြောလို့ရပါတယ်။ လောလောဆယ်တော့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် AA ဘက်က ရှင်းလင်းရေးလုပ်ဖို့ ချိန်ဆနေရတဲ့ အနေအထားလို့ ပြောလို့ရပါတယ်" ဟု မြေပြင်စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးသည် အာရက္ခတပ်တော်၏ ဝန်းရံပိတ်ဆို့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသလို မဟာမိတ်တပ်ဖွဲ့များ၏ ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်မှုကိုပါ ကြုံနေရသည်။

စစ်ကောင်စီဘက်ကလည်း စစ်ရေးဗျူဟာအရ အရေးပါသော စစ်တိုင်းဌာနချုပ်မကျရှုံးရေး မြေပြင် လက်နက်ကြီး ပစ်ကူများ၊ လေကြောင်းပစ်ခတ်ကူများကို ပိုမိုအသုံးပြုကာ ခုခံတိုက်ခိုက်လျက်ရှိသည်။

April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...