လူသားဒိုင်းပြုလုပ်ဖို့ ကန်ပိုက်တီမြို့ထဲက အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီး

လူသားဒိုင်းပြုလုပ်ဖို့ ကန်ပိုက်တီမြို့ထဲက အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီး

- ကချင်အထူးဒေသ ၁ ချီဖွေမြို့နယ် ကန်ပိုက်တီမြို့ထဲက ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ထွက်ပြေးသွားကြတာကြောင့် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားတွေကို လူသားဒိုင်းပြုလုပ်ဖို့ လိုက်လံဖမ်းဆီးနေတာကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေရတယ်လို့ ပြောပါတယ်။  

- ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ တိုက်ပွဲကြောင့် ထိမှန်ပျက်စီးသွားတဲ့ အိမ်ခြေ ၂၀၀ ကျော်အတွက် ပြန်လည်ထူထောင်ရေးအကူအညီလိုအပ်နေပြီး လက်ရှိမှာ KIO အစိုးရက ဦးစီးပြီး ရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

- မြန်မာပြည်နိုင်ငံရေးအခြေအနေကြောင့် မိမိပညာရေးအတွက် တရုတ်နိုင်ငံ တက္ကသိုလ်တွေမှာ ပညာသွားရောက်သင်ကြားလိုတဲ့ ကျောင်းသူကျောင်းသားတွေ အဆင်ပြေချောမွေ့စေဖို့ အဓိကရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ Hpaji Mahkrai(ပညာတံတား)ဆိုတဲ့ အဖွဲ့အကြောင်းကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။

Most read this week

January 29, 2026
- ကရင်နီပြည် ဆိုမိုဖေစိုး‌လေးမြို့နယ်မှာ အရေပြားရောဂါ အဖြစ်များနေပြီး ကုသဖို့...
January 28, 2026
- စစ်ကော်မရှင်ဟာ စစ်ရှောင်စခန်းနဲ့ ပြည်သူလူထုတွေ သီးသန့်ရှိတဲ့နေရာတွေကို သိလျက်နဲ့...
January 28, 2026
- ဘုရားသုံးဆူ နယ်မြေထဲမှာ ကျားဖြန့်အဆောက်အဦတွေ ထွက်ပေါ်လာတယ်ဆိုတဲ့ သတင်းအပေါ် အဲဒီဒေသကို...
January 27, 2026
- ကျောက်ဖြူမှာ စစ်ကော်မရှင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမြင့်တက်လာနေပါတယ်။ -...