KIA သိမ်းပိုက်ထားတဲ့ပန်ဝါဒေသကို တရုတ်ကလျှပ်စစ်မီးဖြတ်တောက်၊ မြေရှားသတ္တုလုပ်ငန်းအားလုံး ရပ်နား

KIA သိမ်းပိုက်ထားတဲ့ပန်ဝါဒေသကို တရုတ်ကလျှပ်စစ်မီးဖြတ်တောက်၊ မြေရှားသတ္တုလုပ်ငန်းအားလုံး ရပ်နား

ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက လျှပ်စစ်မီးအားလုံးဖြတ်တောက်လိုက်ပြီး မြေရှားသတ္တုလုပ်ငန်းအားလုံးရပ်တန့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေဟာ ပန်ဝါမြို့မှာရှိတဲ့ ဗျူဟာကုန်၊ ပြည်သူ့စစ်စခန်း၊ စစ်တပ်စခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပန်ဝါမြို့ကို ကေအိုင်အေသိမ်းပိုက်ပြီးတဲ့ နောက်နေ့ အောက်တိုဘာ ၁၉ ရက်နေ့မနက်ကစပြီးတော့ တရုတ် အစိုးရက ပန်ဝါမြို့ကိုပေးထားတဲ့ လျှပ်စစ်မီးတွေအားလုံးကိုဖြတ်တောက်လိုက်သလို နယ်စပ်ဂိတ်ကိုပါပိတ် လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။

“ပန်ဝါမှာ မီးတွေအကုန်ဖြတ်လိုက်ပြီ။ တရုတ်ပြည်ဘက်ကပေးတဲ့မီးတွေ။ ပန်ဝါမှာက တရုတ်ပြည်ဘက် ကပေးတဲ့မီးတွေပဲရှိတာ။ သတ္တုလုပ်ငန်းတွေကတော့ ကေအိုင်အေကပိတ်တာမဟုတ်ဘူး။ မီးဖြတ်လိုက် တော့ တရုတ်တွေလည်း ဘာမှလုပ်လို့မရတော့တာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

KIA သိမ်းပိုက်လိုက်တဲ့ ကချင်အထူးဒေသ ၁ ပန်ဝါဒေသမှာ မြေရှားသတ္တုလုပ်ငန်းဆိုက်ပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness အဖွဲ့က ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာပန်ဝါနယ်စပ်ဂိတ်ကိုလည်းတရုတ်ဘက်ကပိတ်လိုက်တဲ့အတွက် စက်သုံးဆီဈေးနှုန်းတွေက လည်းမြှင့်တက်သွားပြီး ဒေသခံအများစုဟာလည်း မြစ်ကြီးနားမြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ဒေသခံ တွေကပြောပါတယ်။

“အခုကသတင်းတွေအမျိုးမျိုးထွက်နေတော့အကုန်စွန့်ခွာကုန်ပြီ။အဓိကကတော့ဒေသခံတွေက မြစ်ကြီးနား ဘက်ကိုအကုန်ပြေးကုန်ကြတယ်။ ကေအိုင်အေကတော့ ချီဖွေမှာစစ်ဆေးရေးတင်းကြပ်ထားတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

တစ်ဖက်မှာ ပန်ဝါမြို့အတွင်းမြေရှားသတ္တုလုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်လူမျိုး လုပ်ငန်းရှင် အားလုံးဟာ လည်း တရုတ်နိုင်ငံထဲပြန်ဝင်သွားကြပြီလို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၀၂ နဲ့ ပန်ဝါမြို့တို့အပါအဝင် မြန်မာ–တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်မြို့ကို လုံခြုံရေးယူထားတဲ့ BGF ၁၀၀၃ တပ်ရင်းကိုပါ သိမ်းပိုက်ခဲ့ပြီး ကန်ပိုက်တည်မြို့နဲ့ BGF ၁၀၀၁ တပ်ရင်းရှိရာ ဖီမော်မြို့ကိုသာ သိမ်းပိုက်ဖို့ကျန်ရှိတော့တာ လည်းဖြစ်ပါတယ်။

တစ်ဖက်မှာ ဖီမော်၊ လဂွေ နဲ့ ကန့်ဖာဒေသတို့မှာတော့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် တပ်စခန်း ၈ ခုထက်မနည်းကျန်ရှိနေသေးပြီး KIA ဘက်က ထိုးစစ်ဆင်တိုက်ပွဲတွေဆက်လုပ်လာ နိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကသုံးသပ်နေကြပါတယ်။

ဒါ့အပြင် ပန်ဝါမြို့မသိမ်းပိုက်ခင် တရုတ်ဟာ KIA ကို ထိုးစစ်ရပ်ဖို့ဖိအားပေးခဲ့ပေမယ့် KIA ဘက်က ထိုးစစ်ရပ်တန့်ခြင်းမရှိဘဲ ပန်ဝါမြို့ကိုထပ်ပြီး သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ပန်ဝါမြို့ကို သိမ်းပိုက်လိုက်ပြီး နာရီပိုင်းအကြာမှာဘဲ တရုတ်နိုင်ငံဘက်က KIA ထိန်းချုပ်အောက်ရှိ နယ်စပ်ဂိတ်အားလုံး ပိတ်လိုက်ပြီဖြစ်ပါတယ်။

ပန်ဝါမြို့ဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၁၂၀ ဝန်းကျင်အကွာမှာရှိပြီး ကချင်အထူးဒေသ ၁ နယ်ခြားစောင့်ထိန်းချုပ်မှုအောက်ကနေ လက်ရှိ KIA တပ်က အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...