ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA သိမ်းပိုက်

ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA သိမ်းပိုက်

- ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်ဘက်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA က သိမ်းပိုက်လိုက်ပြီး လက်ရှိ ပန်ဝါမြို့နဲ့ ကန်ပိုက်တီဘက်မှာ  တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။

 

- ပူတာအိုမြို့နယ် လုံရှာယန်နဲ့ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာ အရပ်သားတွေကို တားဆီးစစ်ဆေးနှောင့်ယှက်နေတာကြောင့် ဒေသခံတွေ လုပ်ငန်းလုပ်ကိုင်ရာမှာ သွားရလာရခက်ခဲနေတယ်လို့ ပြောပါတယ်။  

 

- နိုင်ငံတကာအဆင့်မီပညာရေးသင်ယူခွင့်ရနိုင်ဖို့ UK အစိုးရရဲ့ထောက်ပံ့ပေးမှုနဲ့ Chevening Scholarship ပညာသင်ဆုမှာ မြန်မာပြည်က လူငယ် ၁၀ ဦးလည်း ပါဝင်ပညာသင်ယူနေတာဖြစ်ပြီး အဲဒီထဲမှာ မြစ်ကြီးနားက ကချင်တိုင်းရင်းသူလေး လကျန်းဂရိစ်လွမ်းနွယ် လည်း ပါဝင်ပါတယ်။ ရရှိလာတဲ့ပညာသင်ဆုနဲ့ ဘယ်ဘာသာရပ်ကို ဘာကြောင့်ရွေးချယ်သင်ယူခဲ့သလဲဆိုတာကို တင်ပြပေးမှာဖြစ်ပါတယ်။

Most read this week

January 29, 2026
- ကရင်နီပြည် ဆိုမိုဖေစိုး‌လေးမြို့နယ်မှာ အရေပြားရောဂါ အဖြစ်များနေပြီး ကုသဖို့...
January 28, 2026
- စစ်ကော်မရှင်ဟာ စစ်ရှောင်စခန်းနဲ့ ပြည်သူလူထုတွေ သီးသန့်ရှိတဲ့နေရာတွေကို သိလျက်နဲ့...
January 28, 2026
- ဘုရားသုံးဆူ နယ်မြေထဲမှာ ကျားဖြန့်အဆောက်အဦတွေ ထွက်ပေါ်လာတယ်ဆိုတဲ့ သတင်းအပေါ် အဲဒီဒေသကို...
January 27, 2026
- ကျောက်ဖြူမှာ စစ်ကော်မရှင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမြင့်တက်လာနေပါတယ်။ -...