တိုက်ပွဲပြင်းထန်နေတဲ့ ချီဖွေမြို့နယ် ပန်ဝါဒေသမှာ KIA နဲ့ PDF ကို အလိုမရှိကြောင်း လချိဒ်လူမျိုးတချို့ကဆန္ဒပြ

တိုက်ပွဲပြင်းထန်နေတဲ့ ချီဖွေမြို့နယ် ပန်ဝါဒေသမှာ KIA နဲ့ PDF ကို အလိုမရှိကြောင်း လချိဒ်လူမျိုးတချို့ကဆန္ဒပြ

-  တနိုင်းမြို့နယ် လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က စစ်အင်အား ၃၀၀ ဝန်းကျင်နဲ့ ပုံမှန် စစ်အင်အားပြ စစ်ရေးလှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

- ချီဖွေမြို့နယ် ပန်ဝါဒေသမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံလချိဒ်လူမျိုးတချို့က KIA နဲ့ PDF ကို အလိုမရှိကြောင်း ဆန္ဒပြတာတွေလည်း ရှိနေတယ်လို့ KIO က ပြောပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် သင်္ချိုင်းနယ်မြေကို ကိုးကန့်တပ် MNDAA က သိမ်းယူဖို့ ကြိုးစားလာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်နေပါတယ်။

April 3, 2026
- အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ CRPH၊ NUG တို့က...
April 2, 2026
- ခဲသတ္တုထွက်ရှိတဲ့ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ခဲဈေးမတည်ငြိမ်မှုနဲ့...
April 1, 2026
- DKBA ရဲ့ အဆင့်မြင့် ပညာရေးကျောင်းကနေ နိုင်ငံတကာကိုတက်လှမ်းနိုင်မဲ့ ကျောင်းသား/သူ အယောက် ၄၀...