ကျောင်းအုပ်ကြီးပါဝင်သည့် သန်းခေါင်စာရင်းကောက်သူ ၇ ဦးကို လောင်းလုံး PDF ဖမ်းဆီး

ကျောင်းအုပ်ကြီးပါဝင်သည့် သန်းခေါင်စာရင်းကောက်သူ ၇ ဦးကို လောင်းလုံး PDF ဖမ်းဆီး

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇ ဦး ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၆ ရက်နေ့ညပိုင်းတွင် ဖမ်းဆီးလိုက်သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအတွင်းနေထိုင်သည့် ဒေသခံပြည်သူများကို သန်းခေါင်စာရင်း လိုက်လံကောက် ယူနေသည့် အဖွဲ့များ အလုပ်တာဝန်ပြီးဆုံး၍ နေအိမ်တွင်ပြန်နေထိုင်ချိန် အောက်တိုဘာလ ၆ ရက်နေ့ညတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ကေအိုင်စီသို့ ပြောသည်။

“လက်ရှိမှာတော့ ကျနော်တို့အနေနဲ့ကတော့ လုပ်ဆောင်ချက်တွေမပြီးသေးဘူး။ ဒါပေမဲ့ အခုဖမ်းဆီးထားတဲ့ သူ တွေကို စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးသွားရင် ပအဖ (လောင်းလုံးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့)ကို အပ်ပါ မယ်။ ပအဖ ကနေမှတဆင့် အရေးယူတဲ့အပိုင်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူထွေး၊ ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေးနှင့် ရေဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး စာရေး ဒေါ်သီတာတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လောင်းလုံးမြို့နယ်ရှိ ကားလမ်းမကြီးများတလျှောက်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့်ကာလအတွင်း လုံခြုံရေးတင်းကြပ်စွာ ချထားသောကြောင့် သွားလာရ အခက်အခဲများနှင့်ကြုံတွေ့ နေရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှလည်း ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့တွင် အခက်အခဲကြုံတွေ့နေသည့် စစ်ကောင်စီက ထွက်ပေါက်ရရှိအောင် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် သန်းခေါင်စာရင်း ကောက်ယူဖြစ်ကြောင်းနှင့် အဆိုပါဆောင်ရွက်ချက်များကို လုံးဝလက်မခံဘဲ သန်းခေါင်စာရင်း ကောက်ယူရေးတွင် ပါဝင်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁ ရက်မှ စတင်ပြီး ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် လူအင်အား လေးသောင်းနှစ်ထောင် ခန့် အသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူနေသည်ဟု  အောက်တိုဘာလ ၂ ရက်နေ့ တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...