ပင်းလောင်းမြို့နယ် တိုက်ပွဲများ ပြန်ဖြစ်ပွား

ပင်းလောင်းမြို့နယ် တိုက်ပွဲများ ပြန်ဖြစ်ပွား

သျှမ်းပြည် ပင်လောင်းမြို့၏ တောင်ဖက်တွင် တိုက်ပွဲများပြန်ဖြစ်ပွားနေသောကြောင့် ဒေသခံများနေရပ်မပြန်ရသေး တောထဲတွင် တဲထိုးနေရကြောင်းစုံစမ်းသိရသည်။

ပင်လောင်းမြို့၏ တောင်ဘက် ဗန်းမောက် ၊ နမ့်ဖာမူ ၊ နောင်ဝိုးလွယ်ကျေးရွာ တကြောတွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စတင်၍ ယမန်နေ့ ( အောက်တိုဘာလ ၁ ရက်) နေ့ထိ စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသသည်။

ယခင်တွင် တိုက်ပွဲများငြိမ်သွားပြီးနောက် ဒေသခံများသည် နေရပ်ပြန်ခဲ့ပြီး ယခု(စက်တင်ဘာလ)အ တွင်း  စစ်ကောင်စီ လက်နက်ကြီး တဖက်သတ်ပြန်လည် ပစ်ခတ်မှုကြောင့် ဒုတိယအကြိမ် ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်းအမျိုးသမီးတစ်ဦးက ပြောသည်။

“ပြန်လို့လည်း မရသေးဘူး။ ၉လ ပိုင်း တိုက်ပွဲတွေဖြစ်ကတည်းကပြေးလာတာ။လက်နက်ကြီးသံတွေလည်း ကြားနေရတယ်။စိုးရိမ်ရတယ်ကော လက်နက်ကြီးကြောက်ရတာကို။တချို့ဘာမှ သိပ်မဖြစ်တဲ့ရွာတွေကတော့ သွားသွားပြန်ပြန် လုပ်ကြတယ်။အိမ်မှာတော့ မအိမ်ရဲကြဘူး သူတို့က လယ်တွေထဲ အိပ်ကြတာ။”ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် နှင့် လေယာဉ်သံများ အောက်တိုဘာလ  ၁ ရက်နေ့ထိ ကြားနေရကြောင်း ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ထိတော့လက်နက်ကြီးသံတွေ ကြားနေရတယ်။ ကျနော်တို့ဝါးလီရွာနဲ့ သူတို့ ဖြစ်နေတဲ့ရွာတွေနဲ့က မဝေးဘူးဗျ။၁၅ မိုင်လောက်ပဲရှိမယ်။အဲ့ဘက်ပစ်နေကြတာ အသံတွေကြားရတယ်။လေယာဉ်တွေနဲ့လည်း ချလောက်တယ် လေယာဉ်သံတွေလည်းကြားနေရတာပဲ။”ဟု ပင်းလောင်းမြို့ ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

တိုက်ပွဲပြန်လည်ဖြစ်ပွားမှုကြောင့် ဒေသခံများသည် နီးစပ်ရာ ဆွေမျိုး အိမ်များ ဘုန်းကြီးကျောင်းများ နှင့် မြေကွက် အလွတ်များတွင် တဲထိုး၍ နေထိုင်နေကြကြောင်း သိရသည်။

ထိုတိုက်ပွဲဖြစ်ပွားသည့် ကျေးရွာ တကြောတွင် နေထိုင်သော ဒေသခံများသည် လက်ရှိတွင် နီးစပ်ရာကျေးရွာ နှင့် ပင်လောင်းမြို့ပေါ်တို့ ထွက်ပြေး တိမ်းရှောင်နေရပြီး၊ ဝါးလီကျေးရွာတွင် အိမ်ထောင်စု ၃၀၀ ကျော်ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် ပင်လောင်းမြို့နှင့် မိုင် ၂၅ မိုင်ခန့်ဝေးကွာကြောင်းသိရသည်။

ပြီးခဲ့သည့် (စက်တင်ဘာ ၁၇ရက်)တွင် ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး တဖက်သတ် ပစ်ခတ်မှုကြောင့် ဗန်းမောက်ကျေးရွာ ဒေသခံ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

March 5, 2026
စိုင်းဆိုင်အိုက် — “ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး...
March 4, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၆၀၀ ကျပ်အထိ ဈေးတက်လာပြီး...
၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
March 2, 2026
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့်...
February 28, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး...