မောင်တောကို စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲမှု ဆက်လက်ပြုလုပ်နေ သလို လေကြောင်းဖြင့် လက်နက်ရိက္ခာဖြည့်တင်းမှုဆက်နေ

မောင်တောကို စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲမှု ဆက်လက်ပြုလုပ်နေ သလို လေကြောင်းဖြင့် လက်နက်ရိက္ခာဖြည့်တင်းမှုဆက်နေ

ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင်  စစ်ကောင်စီမှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးလာကြဲခဲ့သလို အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ဌာနချုပ်အားလည်း Y-12 လေယာဉ်  မှ လက်နက်၊ ရိက္ခာများကို လေထီးများဖြင့် ဆက်လက်ချပေးခဲ့ကြောင်း သိရသည်။

" မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၃ မိုင်ဝန်းကျင်ကို ဗုံးကြဲချခဲ့တယ်။ ဒဏ်ရာသူတစ်ဦး ရှိတယ်လို့ သိရတယ်။ ဒီ‌ နေ့မနက်အရုဏ်မှာလည်း နတ်မြစ်အနီးက မကျည်းချောင်း အနီးကို လည်း ဂျက်နဲ့ဗုံးလာချခဲ့တယ်လို့သိရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

နခခ (၅) အား အာရက္ခတပ်တော်က ဝိုင်းရန်ထားပြီး ၎င်းစခန်းအား အလံဖြူထောင် လက်နက်ချရန်လည်း ကမ်းလှမ်းထားကြောင်း သိရသည်။

“ အရင်ကတော့ နခခ ၅ မှာ အင်အား ၇၀၀ လောက်တောင် ရှိတယ်လို့ သိရပါတယ်။  အခုက သိပ်များများစားစားမရှိတော့ဘူးလို့ သိရပါတယ်။ အေအေရဲ့ စနိုက်ပါနဲ့ လက်နက်ကြီးကြောင့် တော်တော် ပါသွားတယ်လို့ ကြားတယ်။ အထဲကတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်းက ဦးဆောင်ပြီး ဆက်လက်ပြီး ခုခံ နေသေးတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် အာရက္ခတပ်တော်မှ အမြောက်ကြီးဖြင့် ၎င်းစခန်းတွင်းသို့ ပစ်ခတ်နေပြီး စစ်ကောင်စီ ဘက်ကလည် ၎င်းစခန်း မကျစေရန် လေကြောင်းနှင့် ရေကြောင်းကနေ အသည်းအသန် ခုခံ ကာကွယ်နေသည်ဟု သိရသည်.

နခခ(၅)တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့ ညအချိန်ကလည်း ပန်းတောပြင်မွတ်ဆလင် ကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ပစ်ခတ်နေသဖြင့် နခခ(၅)တပ်ရင်း ၌ တာဝေးနှင့် တာတိုပစ်လက်နက်ကြီးကျည်တွေ အများအပြား ကျန်ရှိနေနိုင်သေးကြောင်း မောင်တောဒေသခံ စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

"နခခ(၅)မှာ တာဝေးနဲ့ တာတိုပစ် လက်နက်ကြီးကျည် အများအပြား ရှိနိုင်သေးတယ်လို့ခန့်မှန်းရတယ်။ အရင်ကဆိုရင် တစ်မိနစ်မှာ လက်နက်ကြီး တစ်လုံးကျလောက်ကို ပစ်တာ။ တစ်ရက်ဆိုရင် အလုံးပေါင်း ရာနဲ့ ချီးပြီး ပစ်တယ်။ ဒီလိုပစ်နိုင်ဖို့ ဆိုတာ နခခ(၅)မှာ ကျည်တွေ ထောင်နဲ့ ချီပြီး ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်” ဟု ပြောသည်။

ထို့အပြင် မောင်တော နောက်ဆုံးလက်ကျန် နခခ(၅)စခန်းအား  စစ်ကောင်စီမှစက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်း၌ Y-12 ဖြင့် လက်နက်နှင့် ရိက္ခာများအားလေထီးများဖြင့် ထပ်မံပြီးချပေးခဲ့ကြကြောင်း မျက်မြင် ဒေသခံများက ပြောဆိုသည်။

"မနေ့က ညနေပိုင်းမှာ ၃ မိုင်ကိုဂျက်နဲ့ ဗုံးကြဲပြီးတာနဲ့နခခ(၅)ကိုY-12 ကနေ လေထီးတွေနဲ့ လက်နက်နဲ့ ရိက္ခာတွေထပ်ပြီးချပေးခဲ့ကြတယ်။" ဟုပြောဆိုသည်။

စစ်ကောင်စီသည် နခခ(၅)အား ဩဂုတ်လ ၂၉ ရက်မှ စတင်ကာ ရိက္ခာနှင့် လက်နက်များ အနည်းဆုံး (၅) ကြိမ်ထက်နည်း ချပေးခဲ့သည်ဟု သိရသည်။

April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...
March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...