ဆန္ဒပြမှုကို ဖြိုခွင်းခဲ့သည့် ထီးချိုင့်မြို့က ပအဖ ကို NUG က ယာယီရပ်စဲထားဟုဆို

ဆန္ဒပြမှုကို ဖြိုခွင်းခဲ့သည့် ထီးချိုင့်မြို့က ပအဖ ကို NUG က ယာယီရပ်စဲထားဟုဆို

ထီးချိုင့်မြို့နယ် ပသုံးလုံးအဖွဲ့ကိုဆန္ဒပြတဲ့ဖြစ်စဉ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို တာဝန်မှ ယာယီရပ်နားထားတယ်လို့ စက်တင်ဘာလ (၁၁)ရက်နေ့ NUG ရဲ့ “ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များ” သတင်းစာရှင်းလင်းပွဲမှာ NUGပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် က ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ထီးချိုင့်မြို့နယ် ပအဖ အဖွဲ့ကို တာဝန်မှ ယာယီရပ်နားထားပြီး အရေးပေါ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ထားကာ ပအဖ ပြုပြင်ပြောင်းလဲမှုအချို့တွေ ပြုလုပ်နေတယ်လို့လဲ ဆိုထားပါတယ်။

ဒေသခံများရဲ့ လယ်ယာမြေများပေါ် ဖြတ်သန်းသွားမယ့် လမ်းသစ်ဖောက်လုပ်ဆောက်ရေးနှင့်ပတ်သက်ပြီး ပြည်သူများနှင့် ပသုံးလုံးအဖွဲ့တွေကြား သဘောထားကွဲလွဲကာ မပြေလည်မှုများကြောင့် ထီးချိုင့်မြို့နယ်မှာ ပသုံးလုံးပြဿနာဖြစ်ခဲ့တာလဲဖြစ်ပါတယ်။

ထီးချိုင့်မြို့နယ် ဆူးပုံချောင် - အင်းတိန် လမ်းတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ဒေသခံများ ဆန္ဒပြမှုကို NUG ပသုံးလုံးအဖွဲ့တွေက ဖြိုခွင်းဖမ်းဆီးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး NUGရဲ့ ပသုံးလုံးအပေါ် ဝေဖန်မှုတွေ ဆက်တိုက် မြင့်တက်လာခဲ့တာလဲဖြစ်ပါတယ်။  

“ ကနဦးအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တစ်ခုကို စပြီး အုပ်ချုပ်မှုကို ရပ်နားထားတယ်။ ရပ်နားပြီးတော့ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့ပြီးတော့၊ ဒီမြို့နယ်ပြဿနာတွေကို ကိုင်တွယ်ဖို့အတွက် ကျနော်တို့ စစ်ဒေသ(၁) တာဝန်ခံနှင့် ခရိုင်အဆင့်ရှိတဲ့ အဖွဲ့တွေ နှင့်ပေါင်းစပ်ပြီးတော့ မြေပြင်မှာ ကွင်းဆင်း ဆောင်ရွက်နေတာတွေလုပ်နေတာရှိတယ်”လို့ ၎င်းသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို ဖြေကြားထားတာလဲဖြစ်ပါတယ်။

ပသုံးလုံးပြဿနာက စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဝက်လက်၊ ယင်းမာပင် စတဲ့ဒေသတွေဘက်မှာလဲ ဖြစ်ပေါ်တာတွေရှိနေပြီး တိုင်ကြားတဲ့ဒေသခံတွေက ဒလန်စွပ်စွဲခံရမှုတွေကြောင့် လုံခြုံရေးစိုးရိမ်ကြတယ်လို့ သတင်းမှတ်တမ်းများအရသိရပါတယ်။

ပသုံးလုံး ကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးမှုအပိုင်းမှာ ကြံ့ကြာမှုတွေရှိနေပြီး တိုင်ကြားသူ ဒေသခံတွေရဲ့  လုံခြုံရေးစိုးရိမ်မှုတွေကြောင့်လို့ ဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုပါတယ်။

 

“ စစ်ဆေးတဲ့အခါမှာ ကြံ့ကြာမှုတွေရှိတယ်၊ ကြံ့ကြာမှုရဲ့ အခြေခံကြောင်းရာတွေက ဒီလိုမျိုးကိစ္စရပ်တွေကို ကျနော်တို့ ခုံရုံးဖွဲ့ပြီး စစ်ဆေးကြတဲ့အခါမှာ သက်သေဆိုရင်၊ သက်သေမှာ ပစ္စည်းသက်သေတွေရှိတယ်၊ လူသက်သေရှိတယ်၊ အဲ့ဒီအခါမှာ သက်သေအရ အမှုဖြစ်စဉ်တည်ဆောက်တဲ့အခါ သက်သေထွက်ဆိုမှု အားနည်းတဲ့အခြေနေကို ကျနော်တို့ သွားတွေ့ရတယ်၊ ဒီလိုထွက်ဆိုနိုင်မှု အားနည်းတာကလဲ တိုင်ကြားတဲ့သူတွေက သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ ထွက်ဆိုမှုအားနည်းရတဲ့ ကွန်ပလိန်းတွေလဲ ရှိလာပါတယ် ” လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုထားပါတယ်။

NUG ရဲ့ အစိုးရယန္တရားတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေအဖွဲ့(ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေ စတဲ့အဖွဲ့တွေ အကျင့်ပျက်လာတာကို ပသုံးလုံး ပြဿနာလို့ ခေါ်ဝေါ်သုံးစွဲလာကြတာလဲဖြစ်ပြီး ၎င်းပသုံးလုံးပြဿနာကို ဖိဖိစီးစီးကိုင်တွယ်ဆောင်ရွက်မယ်လို့ NUG သုံးနှစ်ပြည့်အခမ်းနားမှာ ပြောဆိုထားပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ စွန့်ပစ်မြေဇာတွင် ကျောက်စိမ်းရှာဖွေနေသည့် ရေမဆေးသမားများ/Credit
March 10, 2026
ဖားကန့်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF ပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားရာ...
March 9, 2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ ကားဂိတ်တစ်ချို့မှာ ကားလက်မှတ်ရောင်းပေးသော်လည်း ၁၃...
March 6, 2026
မိုဘိုင်းဖုန်းတွေကို CEIR ( Central Equipment Identity Register ) လို့ခေါ်တဲ့...
March 5, 2026
မိုးညှင်းမြို့နယ် ဟိုပင်မြို့၊ မြသာယာရပ်ကွက်မှာ မနေ့ကညပိုင်းအချိန်က ဓားပြတိုက်ခံရပြီး မိသားစု(၅)...