ပြင်ဦးလွင်က တပ်မိသားစုတွေ ကလေးတွေကိုပါကျောင်းထုတ်ပြီး ပြောင်းရွှေ့နေ

ပြင်ဦးလွင်က တပ်မိသားစုတွေ ကလေးတွေကိုပါကျောင်းထုတ်ပြီး ပြောင်းရွှေ့နေ

လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီက ဆုံးရှုံးပြီးတဲ့နောက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က စစ်တပ်မိသားစုဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးတချို့  ဆက်တိုက် ပြောင်းရွှေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြင်ဦးလွင်မြို့မှာတော့ ဗိုလ်လောင်းသင်တန်းတွေအပါအဝင် စစ်သင်တန်းကျောင်းတွေ အများအပြားရှိပြီး လက်ရှိအချိန်မှာ စစ်တပ်မိသားစုဝင်တွေဟာ ရန်ကုန်၊ နေပြည်တော်၊ မကွေးစတဲ့ တခြားစစ်ကောင်စီထိန်းချုပ်ဒေသတွေကို ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

အဲဒီလို ထွက်ပြေးတဲ့အခါ ကျောင်းသားရှိတဲ့ မိသားစုတွေအနေနဲ့ ကျောင်းပြောင်းထောက်ခံစာတွေကို ထုတ်ယူနေကြသလို ပုဂ္ဂလိက ကျောင်းတက်နေတဲ့သူတွေအတွက်လည်း မိဘတွေက ခွင့်ရက်ရှည်ယူတာနဲ့ ကျောင်းထုတ်တာတွေကို ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

"တပ်ထဲက ကလေးတွေကို အစိုးရ(စစ်ကောင်စီ) ကျောင်းကနေ ကျောင်းပြောင်းထောက်ခံစာတွေ ထုတ်ပေးတယ်။ ယာယီခွင့်တိုင်တွေရော အပြီးပြောင်းတွေရော လာလုပ်ကြတာ အများကြီးပဲ" လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ထမ်းတစ်ယောက်ရဲ့ မိသားစုဝင်က ပြောပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်မှာ ဓာတ်ဆီကို ညနက်တဲ့အထိ တန်းစီဝယ်ယူနေကြသလို ရန်ကုန်ဘက်ကိုလည်း ပြင်ဦးလွင်အထိလာကြိုဖို့ ကားငှားရမ်းတာတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

" စစ်တက္ကသိုလ်ထဲက အသိတွေတွေဆို သူတို့မိသားစုတွေကို ပို့တောင်ပို့ပြီးပြီ တခြားနေရာကို။ အုပ်ကြီးတွေဆိုလည်း မိသားစုလိုက်ပြောင်းကြတာရှိတယ်။ သူတို့ဆို အစည်းအဝေးခဏခဏရှိ။ အထက်က အမိန့်ရလို့ထင်တယ် ကြိုပြီးပြေးသွားကြတာ။" လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုတချို့လည်းပြောင်းရွှေ့မှုတွေရှိနေသလို တချို့ပြည်သူတွေဟာလည်း ပြောင်းရွှေ့ဖို့ အတွက် ပြင်ဆင်နေကြပါတယ်။

လက်ရှိအချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေဟာ ပြင်ဦးလွင်နဲ့ အနီးအနားကဖြစ်တဲ့ နောင်ချို၊ မိုးကုတ်တို့ကို သိမ်းပိုက်ထားသလို ပြင်ဦးလွင်အောက်ဘက်က မတ္တရာမြို့မှာလည်း တိုက်ပွဲတွေဖြစ်ပေါ်နေတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုတော့ ဩဂုတ်လ ၃ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဆဒုံးမြို့နယ်၊ ရှငေါ်နယ်မြေ တစ်နေရာတွင်ရှိသည့် ဘိန်းခင်းများအား KIA မှ ရှင်းလင်းနေစဉ်။
May 7, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) အနေနဲ့ တစ်နှစ်ကျော်အတွင်း ဘိန်းခင်းဧက ၈၃၀ ကျော်...
May 6, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသကိုဝင်တဲ့ လမ်းတွေပိတ်ထားတဲ့အပြင် တိုက်ပွဲတွေကြောင့် ဒေသတွင်း...
May 4, 2026
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိနေတဲ့ စစ်ကော်မရှင်တပ်တွေကို ဒီကနေ့ မနက် ၅...
ထလာထုကျေးရွာတွင် ရေဘေးဖြစ်ပွားခဲ့စဉ်။
May 2, 2026
ရေဘေးသင့်မှုကြောင့် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်ဘက် ပြောင်းရွှေ့လာကြတဲ့ ပန်နန်းဒင်မြို့နယ်၊...