လားရှိုး ရမခတိုင်းစစ်ဌာနချုပ်မှ စစ်သုံ့ပန်းမိသားစုဝင် ၈၀၀ ကျော်ကို MNDAA ပြန်လွှတ်

လားရှိုး ရမခတိုင်းစစ်ဌာနချုပ်မှ စစ်သုံ့ပန်းမိသားစုဝင် ၈၀၀ ကျော်ကို MNDAA ပြန်လွှတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်စဉ်က ဖမ်းမိထားသည့် စစ်ကောင်စီတပ်မိသားစုဝင်များကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် မဟာမိတ်များက ပြန်လွှတ်ပေးနေကြောင်း MNDAAနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်အချို့ထံမှ သိရသည်။

MNDAAက လားရှိုးမြို့ကို ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး ကြိုးစားနေပြီး တိုက်ပွဲအတွင်း ဖမ်းမိထားသူများကို ယမန်နေ့(ဩဂုတ်လ ၆ရက်)မှစတင်၍ ပြန်လွှတ်ပေးနေခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးကမဇ္ဈိမကိုပြောသည်။

၎င်းက “ကျွန်တော်တို့ PDFတပ်ပေါင်းစုတွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့မှ လားရှိုး (ရမခ) သိမ်းပိုက်ခဲ့စဉ်က ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုတွေကို နေ့စဉ်လွှတ်ပေးနေတဲ့နေရာမှာ မနေ့က ၃၈၅ ယောက်၊ ဒီနေ့ ၄၄၅ ယောက်လွတ်ပေးလိုက်ပါတယ်” ဟု ယနေ့ (ဩဂုတ်လ ၇ရက်) မွန်းလွဲပိုင်းတွင်ပြောသည်။

သတင်းရင်းမြစ်၏ အဆိုအရ နှစ်ရက်အတွင်း စစ်ကောင်စီမိသားစုဝင် ၈၀၀ ကျော်ကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။လွတ်မြောက်လာသူများတွင် အမျိုးသမီးများ၊ကလေးငယ်အများစုနှင့် သက်ကြီးရွယ်အိုအချို့လည်း ပါဝင်သည်ကို မဇ္ဈိမကရရှိထားသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။၎င်းတို့သည် မည်သည့်နေရာသို့ ဆက်သွားမည်ကို အသေးစိတ် မသိရှိရသေးပေ။

စစ်သုံ့ပန်းမိသားစုဝင်များအား လွှတ်ပေးသည့် လုပ်ငန်းစဉ်အတွင်း ရှမ်းပြည်တပ်မတော်(SSPP)မှလည်းပူးပေါင်းဆောင်ရွက်မှုရှိကြောင်း သတင်းရင်းမြစ်ကပြောသည်။ အဆိုပါ သတင်းနှနှင့်ပတ်သက်၍ MNDAA ကယ‌နေ့ညနေအထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။MNDAAနှင့်SSPP ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသေးပေ။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့်မဟာမိတ်များက ဩဂုတ်လ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း MNDAA ကထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့်မိသားစုဝင်အရေအတွက်ကိုထုတ်ပြန်ခြင်းမရှိသေးပေ။သို့သော် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး၊ အမှတ်(၁) စကခမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့နှင့်အတူ စစ်ကောင်စီအရာရှိများနှင့်တပ်ဖွဲ့ဝင် ၄,၇၀၀ ကျော်ကို MNDAA မှ အရှင်ဖမ်းမိထားကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်များနှင့် ဩဂုတ်လ ၃ ရက်ညနေ ၆ နာရီ၃၀ မိနစ်ခန့်မှစတင်၍ အဆက်အသွယ်ပြတ်တောက်နေပြီး ၎င်းတို့အား တော်လှန်ရေးအင်အားစုများမှ ဖမ်းဆီးသွားသည် ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိတွင် လားရှိုးမြို့၌ MNDAA ဦးဆောင်သည့် မဟာမိတ်တပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိပြီး စစ်ဘေးရှောင်နေကြသည့် မြို့ခံများကိုလည်းမြို့အတွင်းသို့ ပြန်လည် ဝင်ရောက်ခွင့်ပြုနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက် ပထမဆုံးလက်လွှတ်လိုက်ရသည့် တိုင်းစစ်ဌာနချုပ်ဖြစ်သည်။

February 5, 2026
ဖေဖေါ်ရီလ ၅ ရက်၊ ၂၀၂၆ အရေးပါသည့် အဓိကအချက်များ ၂၀၂၅-၂၀၂၆ ခုနှစ်...
ဓါတ်ပုံ - အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊အင်ဖာမြို့ ဆာဂျီဝါး အကျဥ်းထောင်မှ တရားဝင်နေထိုင်ခွင့် အထောက် အထားမရှိသည့် အဖမ်းဆီးခံမြန်မာများအနက် ဖေဖော်ဝါရီ ၄ ရက်နေ့က ကလေးနှစ်ဦး အပါအဝင်လွတ်မြောက်လာသူ ၂၇ဦးကို ကျန်းမာရေးစစ်ဆေးနေစဥ်။ (စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန)
February 5, 2026
ပါခွီး — အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ ဆာဂျီဝါးအကျဥ်းထောင်မှ မြန်မာနိုင်ငံသား ၂၇ ဦး...
February 4, 2026
နိုင်ငံ့လူဦးရေ၏ အများစုသည် မိမိတို့ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်ရေးကို...
February 3, 2026
စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကျားဖြန့် (...