၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု နှစ်ဆနီးပါးမြင့်တက်

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု နှစ်ဆနီးပါးမြင့်တက်

ရှမ်းမြောက်ဒေသမှအစပျိုးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းတွင် လေကြောင်းတိုက်ခိုက်မှု နှစ်ဆနီးပါးအထိ မြင့်တက်လာခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ဩဂုတ်လ ၅ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။

စစ်ဆင်ရေးမစတင်မီ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၂,၀၀၀ ကျော်ရှိခဲ့ပြီး စစ်ဆင်ရေးအလွန် ၉ လတာကာလတွင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၃,၈၀၀ ထက်မနည်းရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီလတွင် အကြိမ် ၆၅၀ ကျော်ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အများဆုံးလလည်း ဖြစ်သည်။

စစ်ဆင်ရေး ၉ လအတွင်း ကရင်နီဒေသတွင် လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့ပြီး အကြိမ်အားဖြင့် ၉၂၀ ကျော်ရှိပြီး ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်တွင်ဖြစ်ပြီး ၆၈၀ ကြိမ်ထက်မနည်းရှိခဲ့ကြောင်း ဖော်ပြသည်။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ကောင်စီက မြေပြင်မှာ စစ်ရှုံးနေတော့ လေကြောင်းထိုးစစ်၊ ရေကြောင်းဖြစ်နိုင်ရင် ရေကြောင်းကနေ လှမ်းပစ်တာတွေကို ပိုပြီးတော့ လုပ်လာတယ်။ ဒါက စစ်တပ်ရဲ့ရှုံးနိမ့်မှုကို ဖော်ပြနေတာဖြစ်တယ်။ လေကြောင်းဗုံးကြဲရင်လည်း စစ်သားကိုထိမလား၊ ပြည်သူကိုထိမလား စစ်ကောင်စီက မစဉ်းစားတော့ဘူး။ အကြမ်းဖက်စစ်ပွဲတွေကို စစ်ကောင်စီက ဆင်နွှဲနေတာဖြစ်တယ်” ဟု ပြောသည်။  

အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅,၈၀၀ နီးပါးရှိခဲ့ပြီး နိုင်ငံအနှံ့ညမြို့နယ် ၃၃၀ ရှိသည့်အထဲ ၁၄၇ မြို့နယ်ထက်မနည်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

နိုင်ငံတဝန်းရှိ မြို့နယ်စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်း လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး အများဆုံးမှာ စစ်ကိုင်တိုင်းနှင့် ရှမ်းပြည်နယ် တို့ဖြစ်ကြောင်း ISP-Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထောင်နှင့်ချီသော ပြည်သူအများအပြား ထိခိုက်သေဆုံးမှုများရှိနေပြီး လေကြောင်းအန္တရာယ်ကြားမှာ လုံခြုံမှုကင်းမဲ့စွာဖြင့် ဖြတ်သန်းနေထိုင်ကြရသည်။

“စစ်ကောင်စီအတွက် အားကိုးစရာဆိုလို့ လေကြောင်းပဲရှိတော့တာ။ အခု နိုင်ငံတဝန်းမှာ ပြည်သူတွေသေဆုံးမှု မြင့်တက်လာတယ်။ ဒီအပေါ်မှာ ညီနောင်သုံးဖွဲ့လုပ်တာ၊ PDF တွေလုပ်တာဆိုပြီး တော်လှန်‌ရေးအင်အားစုတွေကို စစ်ကောင်စီက အပြစ်ပုံချသေးတယ်” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

တိုက်ပွဲများအတွင်း အရေးမလှရှုံးနိမ့်နေသော စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ ဒေသမဟုတ်သည့် နေရာများကို လေကြောင်းအသုံးပြု တိုက်ခိုက်နေမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ထိုလုပ်ရပ်များအား တားဆီး‌ပေးရန် ညီနောင်သုံးဖွဲ့က တရုတ်နိုင်ငံကို တောင်းဆိုထားသည်။

ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...