စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးခေါ်ဆောင်လာသည့် စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရ

စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးခေါ်ဆောင်လာသည့် စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းအား သရက်ချောင်းမြို့နယ်အခြေစိုက် ဒေါင်းညီနောင်စစ်ကြောင်းက ပြောက်ကျား တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ယမန်နေ့ညတွင် ၎င်းစစ်ကြောင်းက ထုတ်ပြန်ထားသည်။

စစ်မှုထမ်းဥပဒေဖြင့် သရက်ချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်လာသည့် စစ်ကောင်စီကားသုံးစီးကို ပြီးခဲ့သည့် ဩဂုတ်လ(၂)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်တွင် သင်းကျွန်းရွာနှင့် ရန်တောင် ကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ဗလာက ပြောသည်။

“သုံးစီးမှာ နှစ်စီးကဖမ်းခေါ်ခံရတဲ့ လူငယ်တွေ ဖြစ်တယ်။ နောက်တစ်စီးက စစ်တပ်ကကားတွေပါ။ ပစ်ခတ် လိုက်တော့ ထားဝယ်ဘက်ကို မောင်းပြေးသွားတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်မှ ယာဉ်မောင်းတစ်ဦး ပေါင်ထိမှန် ဒဏ်ရာရရှိခဲ့သည့်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုသည်။ စစ်တပ်လော်ဘီတယ်လီဂရမ် ချန်နယ်များတွင်မူ သရက် ချောင်းမြို့မှ ထားဝယ်မြို့သို့ အချုပ်သားများကို ပို့ဆောင်ချိန်တွင် PDF တပ်ဖွဲ့များ၏ ကြားဖြတ်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းတစ်ဦး လက်မောင်းထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပစ်ခတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီကားများမှာလည်း ထားဝယ်မြို့ဘက်သို့ မောင်းပြေးသွားပြီး ဖမ်းဆီးခံရသည့် လူငယ်အများစုမှာ စစ်ကောင်စီစစ်ဆေးရေး ဂိတ်များတွင် မတရားဖမ်းဆီးခံရသည့် လူငယ်များ ဖြစ်နိုင်ကြောင်း ရဲဘော် ဗလာက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၂၅)ရက်နေ့တွင်လည်း အဆိုပါ သင်းကျွန်းရွာနှင့် ရန်တောင်ကျေးရွာကြားတွင် ဒေါင်းညီ နောင်စစ်ကြောင်း တပ်ခွဲ (၁) (သရက်ချောင်းပြည်သူ့ ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့) နှင့် ကော်သူးလေတပ် မတော် (KTLA) ရဲဘော်များက စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယူနီဖောင်း၊ ကျည်ဆန်ပို့စာရင်း နှင့် ကျည်ဆန်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...