(ရမခ)ကို အောင်မြင်စွာသိမ်းပိုက်နိုင်မှုအပေါ် KNPP, KNU, CNF တိုမှ ဂုဏ်ပြုကြောင်းထုတ်ပြန်

(ရမခ)ကို အောင်မြင်စွာသိမ်းပိုက်နိုင်မှုအပေါ် KNPP, KNU, CNF တိုမှ ဂုဏ်ပြုကြောင်းထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိးမြိုတွင် အခိုင်အမာတည်ဆောက်ထားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တပ်မဟာမိတ်တပ်မတော် (MNDAA)နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA) တို့ ဦးဆောင်၍ အောင်မြင်စွာသိမ်းပိုက်နိုင်သည့်အပေါ် ဂုဏ်ပြုကြောင်း Karenni National Progressive Party(KNPP)၊ Karen National Union(KNU)နှင့် Chin National Front(CNF)အဖွဲမှ ယနေ့ ဂုဏ်ပြု သဝဏ်လွှာ ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် စတင်ပြီးနောက်ပိုင်း ဩဂုတ်လ (၃) ရက်နေ့ တွင် “နေဝန်းနီ”ဟုနာမည်ကျော်ကြားသည့် (ရမခ) တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့် TNLA ဦးဆောင်မှုဖြင့် မဟာမိတ် ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး သမိုင်းမှတ်ကျောက်တင် ဂုဏ်ပြုကြောင်း ထုတ်ပြန် ချက်ပါ ပြောခွင့်ရ ချင်းအမျိုးသားတပ်ဦး(CNF) မှ ဆလိုင်းထက်နီက ယခုလိုပြောသည်။

၎င်းက “စစ်ကောင်စီ ရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခု သိမ်းလိုက်နိုင်တာက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး သမိုင်းမှာ စစ်ရေးအောင်မြင်မှု မှတ်ကျောက်တင်တာပါပဲ။ ဒီအောင်မြင်မှုအတွက် ဂုဏ်ပြုတယ်။ ကျနော်တိုရဲ့ နိုင်ငံရေး ရည်မှန်းချက်ရောက်ရှိဖို အင်မတန့် အင်မတန်အထောက်အကူ ပြုတယ်ပေါ့။” ဟု ကေအိုင်စီ သို ပြော သည်။

ယခုလို သိမ်းပိုက်ရရှိမှုသည့် အောင်မြင်မှုအပေါ် ဂုဏ်ယူသည့်အပြင် မိမိတို့ ညီနောင်တော်လှန်ရေးအဖွဲ များမှ လည်း အာဏာသိမ်းစစ်တပ် ပြိုလဲသည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ယနေ့ ဂုဏ်ပြု သဝဏ်လွှာ ထုတ်ပြန်ချက်အတွင်းပြောဆိုထားသည်။

ထိုအပြင် ယခုအောင်ပွဲသည်လည်း စစ်ကောင်စီအလျှင်အမြန်ကျဆုံးရေးအတွက် မှတ်တိုင် တစ်ခုဖြစ်သည့် အပြင် စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖယ်ရှားပြီး နိုင်ငံရေးနှင့် စစ်ရေးကို ဟန်ချက်ညီသည့်လုပ်ငန်းစဉ် စနစ်သစ်အဖြစ် ပြုပြင်ပြောင်းလဲပြီး အတူတကွတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မဟာမိတ်သုံးဖွဲပေါင်း သဝဏ်လွှာတွင် ဆက်လက်ပြောဆိုထားသည်။

စစ်ကောင်စီ အနေဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အပြင် လားရှိးတစ်မြိုလုံးနီးပါး လက်လွှတ်ခဲ့ရပြီး တိုင်းစစ်ဌာနချုပ် နှင့် နယ်မြေခံ တပ်အနည်းငယ်သာ ကျန်ရှိသည့်အခြေအနေတွင် (ရမခ)တိုင်းနယ်မြေအတွင်းရှိ စစ်ဆေးရုံ နှင့် ဗဟိုကင်းမှ ဒဏ်ရာရ တပ်ဖွဲဝင် လူနာများအပါအဝင် တပ်မိသားစုဝင် ၄၀၀ ကျော်သည် MNDAA ထံ အလံဖြူထောင် အညံ့ခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲဝင်များ ကထုတ်ပြန်ထားသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၁၀၂၇) စစ်ဆင်ရေး ဒုတိယပိုင်းအနေဖြင့် တစ်လကျော် ကာလအတွင်း နောင်ချိုမြို၊ မိုးမိတ်မြိုအပြင် မန္တလေးတိုင်းရှိ စဉ့်ကူးမြိုနှင့် မိုးကုတ်မြို များကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ ဝင်များက သိမ်းပိုက်ရရှိထားပြီး မတ္တရာမြိုနယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၃၅) ခုကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲဝင်များမှ သိမ်းယူထားနိုင်ကြောင်း ထုတ်ပြန်ထားချက်များအရသိရသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...