ထိုင်းရောက် MOU အလုပ်သမားများကို စစ်ကောင်စီ အခွန်စည်းကြပ်မှု စတင်မည်

ထိုင်းရောက် MOU အလုပ်သမားများကို စစ်ကောင်စီ အခွန်စည်းကြပ်မှု စတင်မည်

ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမားများ မိသားစုထံ လုပ်ခ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်မှ လွှဲပို့ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းပေးဆောင်ရမည့် အခွန်စည်းကြပ်မှုကို ဩဂုတ်လတွင် စတင်မည်ဟု စစ်ကောင်စီ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ဇွန် ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထိုသို့ မိသားစုထံ တရားဝင်ဘဏ်မှ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းနှင့် အစိုးရထံဝင်ငွေခွန် ၂ ရာ ခိုင်နှုန်း ပေးသွင်းပြီးကြောင်း အခွန်ပြေစာ စာရွက်ပြနိုင်မှသာ PJ -ပတ်စ်ပို့စာအုပ် သက်တမ်းတိုးခွင့်နှင့် OWIC (Oversea Workers Identity Card) ကို လည်းထုတ်ပေးတော့မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ -JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းရောက် MOU လုပ်သား ဖြစ်ဖြစ်၊ မြန်မာနိုင်ငံက နောက်ထပ်ထိုင်းနိုင်ငံသွားမယ့် MOU လုပ်သားပဲဖြစ်ဖြစ် မိသားစု ထံလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း မပျက်မကွက်လုပ်ရမယ်။ အဲဒီအတွက် မြန်မာနိုင်ငံထဲရှိ နေတုန်းလုပ်ထား နယ်စပ်မြို့ မြဝတီ၊ ကော့သောင်း ရောက်ရင် ငွေလွှဲရတာကြန့်ကြာတာတွေ၊ ခက်တာ တွေကြုံမှာစိုး လို့ဆိုတဲ့ စေတနာအရင်းခံ ပြောတဲ့ပုံစံမျိုးနဲ့ ဖိအား ပေးထားတာ။ မိသားစုငွေလွှဲရင် ကိုယ့်သဘောနဲ့ကို အရင်ကလွှဲတဲ့ပုံစံမျိုးလွှဲလို့မရဘူး အဲလိုပုံစံပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မြန်မာအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်သက်တမ်း (၄) နှစ်ပြည့် ပြီးနောက် MOU-U turn ပတ်စ်ပို့နှင့် စာရွက်စာတမ်း သက်တမ်း ပြန်တိုးနိုင်ရန်အတွက် ကော့သောင်းနှင့် မြဝတီရှိ ပတ်စ်ပို့စင်တာတွင် အခွန်ပြေစာနှင့်အတူ ပြန်လည်သက်တမ်းတိုးရမည် ဖြစ်ကြောင်း သိရသည်။

“သူတို့က အလုပ်သမားတွေကို ဘယ်လိုကာကွယ်စောင့်ရှောက်မှုပေးရမလဲ ဆိုတာကို မပြောထားဘူး။ အလုပ်အကိုင် အဆင်မပြေလား၊ မပြေလား သူတို့နားမလည်ဘူး။ အခွန်ကတော့ ကောက်မှာပဲ အဲလိုမျိုးဖြစ်နေတယ်” ဟု ဦးမိုးကြိုးကဆက် ပြောသည်။

ထိုင်းသို့ စတင်လာမည့် အလုပ်သမား အသစ်များကိုလည်း အလုပ်ရှာဖွေရေးအေဂျင်စီများဘက်မှ မိသားစုထံလွှဲ ငွေ ၂၅ ရာခိုင်နှုန်းနှင့် အခွန် ၂ရာခိုင်နှုန်းပေးမည် ဖြစ်သည်ဟု လက်မှတ် ထိုးခိုင်းခြင်းများလည်း ရှိကြောင်း သိရ သည်။

ယခုလို အခွန်စည်းကြပ်သည့်အတွက် အချို့အလုပ်သမားများမှာ ပတ်စ်ပို့နှင့် အထောက်အထားများ စာရွက်စာတမ်း သက်တမ်းပြန်တိုးအချိန်တွင် အလုပ်အဆင်မပြေပါက အလုပ်သမားများအတွက် အခက်အခဲ ရှိနိုင်သည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံထဲတွင် တရားဝင်ရောက်ရှိသည့် အလုပ်သမားရှိသလို နိုင်ငံရေးအခြေအနေနှင့် အကြောင်း အမျိုးမျိုးကြောင့် တရားမဝင်ရောက်ရှိလာသူများလည်းရှိကြသည်။

အဆိုပါ အလုပ် သမားများအတွက် တရားဝင် အလုပ်လုပ်ခွင့်ရရှိရန် ပတ်စ်ပို့မလိုသည့် ပန်းရောင်ကဒ်တစ်မျိုးတည်းကို ထုတ်ပေးရန် မြန်မာအလုပ်သမားရေး လုပ်ဆောင်သူဘက်မှ ထိုင်းအစိုးရကို တောင်းဆိုထားသည်။

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...