တီယန်ဇွပ်ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်

တီယန်ဇွပ်ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပေါ်က တီယန်ဇွပ်ကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဩဂုတ်လ ၂ ရက်နေ့  ၉ နာရီလောက်မှာ အပြီးသိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

မနေ့က ဩဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းလောက်ကနေစပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ ၁ ကနေ တီယန်ဇွပ်ကျေးရွာကစစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့မနက်မှာတော့ စခန်းသုံးခုစလုံးကို အပြီးသတ်သိမ်းပိုက်နိုင်တာလည်း ဖြစ်ပါတယ်။

" တီယန်ကတပ်စခန်း ဒီကနေ့မနက် ၉ နာရီမှာ အပြီးသိမ်းနိုင်ပြီ။ အဲဒီမှာ တပ်က ၅၈ တစ်ခုတည်းပဲ။ ဒါပေမဲ့ တပ်ဖြန့်ခွဲထားတာ ၃ ခုရှိတာပေါ့။ အားလုံးသိမ်းပြီးပြီ။ "လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

တီယန်ဇွပ်ဒေသခံ ပြည်သူတစ်ဦးကတော့ အရင်က ရွာအတွင်း စခန်းတစ်ခုသာရှိပေမဲ့ လက်ရှိမှာတော့ ကျောင်းကောင်(Jawng Kawng)ဘက် တပ်စခန်းတစ်ခုနဲ့ တစ်ချို့ လက်ဝါးကားတိုင်တောင်ရှိတဲ့ဘက် တပ်စခန်းပြန်ချလာကြတာတွေရှိပြီး စစ်သားအင်အားကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။

အထက်ပါ တပ်စခန်းအားလုံးမှာ စစ်သားအင်အားစုစုပေါင်း ၄၀ လောက်ရှိပြီး လက်ရှိမှာတော့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေဆဲ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ မိုင် ၅၀ ကျော်လောက်ဝေးတဲ့ မြစ်ဆုံအထက်ပိုင်းက တီယန်ဇွပ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိပြီး လူဦးရေ တစ်ထောင်၀န်းကျင် နေထိုင်ပါတယ်။

May 23, 2026
စိုင်းခေ — မြန်မာလို "လူလေး၊ လုံမလေး" လို့ ခေါ်လိုက်တဲ့ အသံဟာ ဘယ်လောက်များ စိတ်ဘဝင်တွေ့စရာ...
May 22, 2026
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ လွတ်လွတ်လပ်လပ် မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ ရောင်းချသူတွေကို...
May 21, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျာယန်ကျေးရွာက မယ်ဇလီတောစစ်ရှောင်စခန်းမှာ နေထိုင်တဲ့...
May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...