စစ်ကောင်စီက စစ်ရေးပြင်ဆင်နေသဖြင့် ဂွမြို့ခံတချို့ နေရပ်စွန့်ခွာ

စစ်ကောင်စီက စစ်ရေးပြင်ဆင်နေသဖြင့် ဂွမြို့ခံတချို့ နေရပ်စွန့်ခွာ

ရခိုင်ပြည်၊ ဂွမြို့နယ်တွင် စစ်ကောင်စီက အင်အားဖြည့်တင်းခြင်း၊ လုံခြုံရေးတိုးမြှင့်ခြင်း၊ မြေမြှုပ်မိုင်းထောင်ခြင်း စသည့် စစ်ရေးလှုပ်ရှားများ လုပ်ဆောင်လာသဖြင့် ဒေသခံများမှာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဖက်သို့ တိမ်းရှောင်မှုများရှိနေကြောင်း သိရသည်။

ဂွနှင့်ထိစပ်နေသည့် သံတွဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး AA ထိုးစစ်များမှာ ဂွမြို့နယ်သို့ ရောက်ရှိလာမည်ကို စိုးရိမ်ကာ စစ်ကောင်စီက မြို့တွင်းခံစစ်ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

“မြို့တွင်းက ငွေရှိတဲ့သူအများစုကတော့ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် ကြိုပြီးတိမ်းရှောင်နေကြတာ။ အေအေကတော့ ဂွမြို့နယ်မှာ စစ်ရေးနဲ့ပတ်သက်ပြီးလုပ်တာ ဘာမှမတွေ့ရသေးဘူး။ စစ်ကောင်စီက သူ့ဟာသူ ကြောက်ပြီးတော့ ဧရာဝတီဖက်က စစ်သားတွေဖြည့်ပြီး လုံခြုံရေးတိုးမြှင့်နေတာ” ဟု ဂွမြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး နေရပ်စွန့်ခွာသူဦးရေ ထောင်နှင့်ချီရှိနိုင်ကြောင်း မြို့ခံများက ခန့်မှန်းကြသည်။

လက်ရှိတွင် ဂွမြို့အတွင်း နေအိမ်များကို အုပ်စုဖွဲ့ ခိုးယူဖောက်ထွင်းမှုများ ဆက်တိုက်ရှိနေပြီး ယခုလအတွင်း ဖောက်ထွင်းခံထားရသည့် နေအိမ်ပေါင်း ၂၀ နီးပါးအထိရှိကြောင်း မြို့ခံများထံက သိရသည်။

“ဂွမြို့မှာ လူမနေတဲ့အိမ်တွေ၊လူရှိနေသေးတဲ့အိမ်တွေပါ ဖောင်းထွင်းခံလာရတာ။ တချို့အိမ်တွေဆိုရင် ဒီလအတွင်း နှစ်ခါသုံးခါတောင် ဖောက်ထွင်းခံရတယ်။ စစ်ကောင်စီနဲ့ ရဲတွေကလည်း ဘာမှလုပ်တာမရှိဘူး” ဟု ဂွမြို့ခံ နောက်တစ်ဦးက ပြောသည်။

ဂွမြို့တွင် နယ်ခံတပ်ရင်းများဖြစ်သည့် ခမရ ၅၆၂၊ ၅၆၃ တပ်ရင်း၊ ဧရာဝတီတိုင်းတပ်ရင်းများမှ ထုတ်နုတ်အင်အား၊ ပြည်သူ့စစ်အပါအဝင် အင်အားထောင်နှင့်ချီ အင်အားဖြည့်တင်းထားသည်ဟု မြို့ခံများထံက သိရသည်။

ကျောက်တော်ကို အာဏာသိမ်းစစ်တပ်မှ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့။
June 18, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် အနီးတဝိုက်ကို မနေ့၊ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က...
ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)
June 17, 2026
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပြီး ခရီးသွားလာရေးတွင်...
ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...