လားရှိုးမြို့ပေါ် ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျ

လားရှိုးမြို့ပေါ် ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျ

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် နေအိမ်များသို့ ရှေ့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ယနေ့ (ဇူလိုင် ၁၀) ရက် နံနက်အစောပိုင်းမှစတင်ပြီး လားရှိုးမြို့ ရပ်ကွက် (၉)၊ နယ်မြေ (၃) ဘူတာရုံသံလမ်းဘေးတွင် ရှော့တိုက်ဒုံး ၂ လုံး၊ ထင်းရှုးမြိုင်အနီး ၁ လုံး၊ နေခြည်ကျောင်းအနီး ၁ လုံး၊ တောရကျောင်း ၃ လုံးနှင့် လားရှိုးတက္ကသိုလ်အနီး ပါရမီလမ်းတွင် ၁ လုံး စသည့်နေရာများတွင် ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“ဒါကြီးတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ မသက်ဆိုင်တဲ့ ပြည်သူတွေပါထိပြီး သေသူသေ၊ ဒဏ်ရာရသူရနဲ့ အဆင်မပြေဘူးဗျာ” ဟု ထိခိုက်ဒဏ်ရာရသူများကို ကယ်ထုတ်ပေးနေသည့် လားရှိုးလူမှုကူညီရေးအသင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ လားရှိုးမြို့ ရပ်ကွက် (၉)၊ နယ်မြေ (၃) ဘူတာရုံသံလမ်းဘေးသို့ ရှေ့ာတိုက်ဒုံးကျရောက် ပေါက်ကွဲမှုအတွင်း ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိကြောင်း သိရသည်။

လက်ရှိ ထိခိုက်ဒဏ်ရာများကို လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားပြီး ထိုထဲမှ ဒဏ်ရာရသူ ၃ ဦးသည် စိုးရိမ်ရကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

သျှမ်းမြောက် လားရှိုးမြို့တွင် ဇူလိုင် ၂ ရက်မှ ယနေ့ ဇူလိုင် ၁၀ ရက်အထိ တိုက်ပွဲများကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးပြီး ကလေးနှင့် အမျိုးသမီးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...