မိုးမိတ် တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိ

မိုးမိတ် တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF ပူး‌ပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်တွင် ရွှေဇာလီ၊ ညောင်နီ၊ လယ်ကြီးနှင့် လွယ်ဝိန်းရွာအနီး တိုက်ပွဲအပြင်းအထန် ထပ်မံဖြစ်ပွားခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

“ လယ်ကြီးဘက်က စကခ-၂၁ ၊ ခမရ-၃၄၈ တပ်တွေကို TNLA နဲ့ PDF တွေက ဝင်တိုက်နေတာ။ ၆ ရက်နေ့ကဆိုရင် ဂျက်လေယာဉ် ၃ စီးနဲ့ စစ်တပ်က ဗုံးလာကြဲတာ၊ မြို့ထဲဘက်ကို ဗုံး ၆ လုံး လာချသွားတယ်။ ပဒါန်းရွာလောက်ကနေ စပြီးတော့ နှစ်ဘက်စလုံးက အဝင်အထွက် ပေးမလုပ်တော့ဘူး။ အဝေးကနေ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ကြတာ”ဟု မိုးမိတ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၇ ရက်) နေ့လည် ၂ နာရီခွဲကျော်တွင် မိုးမိတ်မြို့နယ် သရက်တောရွာအနီးရှိ စစ်ကောင်စီတပ် စကခ-၂၁ နှင့် ခလရ-၂၂၃ တပ်ရင်းတို့ကို TNLA ၊ PLA နှင့် PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လယ်ကြီးကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA မှ ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၆ ရက်တွင် မိုးမိတ်မြို့နယ် လယ်ကြီးကျေးရွာသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့၏ ဒရုန်းဗုံးကြောင့် အမျိုးသားတစ်ဦး ခြေထောက်တစ်ဘက်ပြတ် ဒဏ်ရာရရှိကာ TNLA တပ်ဖွဲ့မှ ၎င်းကို ဆေးကုသပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ဇူလိုင်လ ၄/၅ ရက်တို့တွင် မိုးမိတ်မြို့နယ် ညောင်ကုန်းရွာနှင့် လက်ခုပ်တန်းရပ်ကွက်တို့တွင် စစ်ကောင်စီနှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အုန်းကြောရွာသစ်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရွှေသာယာ တပ်စခန်းနှင့် ကင်းချောင်း တပ်စခန်းတို့ကို ဇူလိုင်လ ၃ ရက်တွင် TNLA နှင့် PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...