စစ်ကောင်စီဖမ်းသွားသည့် အမြင့်ကျွန်းရွာသား ၄၆ ဦးအတွက် မိသားစုဝင်များစိုးရိမ်နေ

စစ်ကောင်စီဖမ်းသွားသည့် အမြင့်ကျွန်းရွာသား ၄၆ ဦးအတွက် မိသားစုဝင်များစိုးရိမ်နေ

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှ ဒေသခံအမျိုးသား ၄၆ ဦးကို စစ်ကောင်စီက ဇွန်လ ၂၂ ရက်တွင် ဖမ်းဆီးသွားခဲ့ပြီး ယနေ့အထိ အဆက်အသွယ်မရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်မှာ ကားလေးစီးဖြင့် အမြင့်ကျွန်းရွာအတွင်းသို့ ဝင်ရောက်လာပြီး ဒေသခံများကို ရွာအလယ်ကွင်းပြင်တွင် မျက်နှာစည်းကာစုထားပြီး အသက် ၁၈ နှစ်မှ ၄၀ ကျော်အရွယ်ရှိ အမျိုးသား ၄၆ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက “စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတာ။ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ဒီနေ့အထိ အဆက်အသွယ်မရဘူး။ ဘယ်နေရာမှာ ထိန်းသိမ်းထားလဲ ဆိုတာကို အတိအကျမသိရဘူး ” ဟု ပြောသည်။

အမြင့်ကျွန်းရွာသားများကိုလည်း ဇွန်လ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်ထား၍ ဒေသခံများမှာ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

AA ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးလာသူတစ်ဦးက “ထွေ/အုပ်ကနေ ဇွန် ၂၆ နောက်ဆုံးထားပြီး ထွက်ပေးရမယ်လို့ ပြောတယ်။ စစ်တွေမှာနေမယ့်လူတွေကို ကားနဲ့ပို့ပေးဖို့ စီစဉ်ပေးမယ်လို့ ပြောတယ်။ နေထိုင်မယ့်နေရာကိုတော့ စီစဉ်မပေးဘူး။ ကျနော်တို့က စစ်ကောင်စီထိန်းချုပ်နယ်မြေမှာ မနေချင်လို့ ဒီနေရာကို အသက်နဲ့ရင်းပြီးတော့ ထွက်ပြေးလာတာ” ဟု ပြောသည်။

ယခုလအတွင်း စစ်တွေမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာထက်မနည်းကို စစ်ကောင်စီက ဒေသခံများသဘောဆန္ဒမပါဘဲ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းပြီး ထိုကျေးရွာများတွင် စခန်းချတပ်စွဲနေထိုင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ဒေသခံ ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၅၀ ခန့်သာ ပြန်လည်လွတ်မြောက်လာသေးသည်။

ယင်းအပြင် မေလ ၂၉ ရက်ကလည်း စစ်တွေမြို၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၇၆ ဦးကို သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့ကာ တစ်ချို့ကိုလည်း တရားစွဲထားသည်။

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် စစ်ကောင်စီ၏ ဒကစ ဌာနချုပ်၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ နှင့်အတူ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတို့ရှိပြီး မြို့ပတ်ပတ်လည်တွင် စစ် ကောင်စီက မိုင်းထောင်ထားမှုများ ရှိနေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...